loading...

loading...

loading...

ဒီနေ့ မနက်ပိုင်းကဖြစ်ပွားခဲ့တာပါ။
Mi Thawdar Aung

ပိတောက်ပန်းတက်ခူးရာကနေ အသက် (၂၂) နှစ်အရွယ် လူငယ်တစ်ဦး ဓာတ်လိုက်သေဆုံးမှု တောင်ဒဂုံမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ လူငယ်ဟာ ဒီနေ့ မတ်လ ၁၁ ရက် မနက် ၁၀ နာရီခန့်က တောင်ဒဂုံမြို့နယ် အမှတ် (၂၆) ရပ်ကွက် ဘုရင့်နောင်လမ်းမကြီးပေါ်က ပိတောက်ပင်တစ်ပင်ပေါ်ကို ပိတောက်ပန်းတက်ခူးခဲ့ရာ ဓာတ်ကြိုးကို ထိမိပြီး ဓာတ်လိုက်သေဆုံးသွားခဲ့တာဖြစ်တယ်လို့ မြို့ဦးလုလင် နာရေးကူညီမှုအသင်းမှ ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးခဲ့တဲ့ ကိုဇေယျာမင်းထွန်းက Duwun ကိုပြောပါတယ်။

“ ကျွန်တော်တို့သတင်းရရချင်း သွားရောက်ကူညီခဲ့ပါတယ်။ အလောင်းက သစ်ပင်ပေါ်မှာ သေဆုံးနေတာပါ။ အဲဒါနဲ့ ကျွန်တော်တို့အဖွဲ့က နှစ်ယောက် သစ်ပင်ပေါ်တက်ပြီး အလောင်းကို ကြိုးနဲ့ ဆွဲပြီး အောက်ချပေးခဲ့ပါတယ်။ ဓာတ်ကြိုးမှာ ပန်းခူးတဲ့ သံချိတ် ချိတ်မိနေတာကိုလည်း ဖယ်ရှားခဲ့ပါတယ်။ “ လို့ ကူညီကယ်ဆယ်ပေးခဲ့တဲ့ ကိုဇေယျာမင်းထွန်းက ပြောပါတယ်။

ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေစဉ်အတွင်း ရန်ကုန်လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းတာဝန်ရှိသူတွေက ဓာတ်အား ခေတ္တဖြတ်တောက်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

သေဆုံးသူဟာ တောင်ဒဂုံမြို့နယ်၊ ဘုရင့်နောင်လမ်း၊ မြယမုံအိမ်ရာမှာနေထိုင်သူဖြစ်ပြီး စစ်ကိုင်းတိုင်းကနေ ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်က ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်တစ်ခုမှာ ဝန်ထမ်းအဖြစ် လုပ်ကိုင်သူဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး မြို့ဦးလုလင်နာရေးကူညီမှုအသင်း၊ ရှင်သန်ခွင့်လူမှုကူညီရေးအသင်း၊ မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့ (တောင်ဒဂုံ)၊ ယာဉ်ထိန်းရဲ၊ လျှပ်စစ်၊ စည်ပင် စတဲ့သက်ဆိုင်ရာဌာနတွေကလည်း ပူးပေါင်းဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။



loading...

က္က