ဇွန်လ ၁၉ ရက်နောက်ပိုင်းကစလို့ အများဆုံးဖြစ်ပါတယ်။

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ (သြဂုတ်လ ၁၃ ရက်) ည ၈ နာရီထုတ်ပြန်ချက်အရ ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိသူ ၈ ဦးရှိနေပြီး ဒီပမာဏက ဇွန်လ ၁၉ ရက်နောက်ပိုင်းကစလို့ အများဆုံး တွေ့ရှိမှုဖြစ်ပါတယ်။

ဒီကနေ့မှာ ဓာတ်ခွဲနမူနာ ၁,၃၅၅ ခုကို စစ်ဆေးခဲ့ရာမှာ ယူအေအီးက ပြန်လာသူ (၆)ဦးနဲ့ ဂျပန် နိုင်ငံက ပြန်လာသူ (၂) ဦး ဖြစ်တို့မှာ ပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ အဆိုပါ လူနာ(၈)ဦးဟာ လှိုင်မြို့နယ်မှာ အသွားအလာ ကန့်သတ်ခြင်း ခံထားရသူတွေလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ၈ ဦးစလုံးမှာ လူငယ်လူရွယ်များဖြစ်ကြပြီး ၇ ဦးက အသက် ၂၀ ကျော်၊ ၁ ဦးက အသက် ၃၀ ကျော်အရွယ်များ ဖြစ်ကြပါတယ်။



ဒီနေ့မှာ ပိုးကင်းစင်သူ (၃)ဦး လည်းိခဲ့ပြီး အဆိုပါပိုးကင်းစင်သူ (၃)ဦးထဲမှာ ကရင်ပြည်နယ်မှာ နောက်ဆုံးကျန်ရှိတဲ့ ရောဂါပိုး ရှိသူ (၂)ဦး ပါရှိခဲ့တာကြောင့် ကရင်ပြည်နယ်မှာ ကိုဗစ်-၁၉ ရောဂါပိုး ကင်းစင်လို့ သွားခဲ့ပါပြီ။ အခုဆိုရင် မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ ရောဂါတွေ့ရှိသူ ၃၆၉ ဦးထဲက ၈၅ ရာခိုင်နှုန်းကျော် ရောဂါပျောက်ကင်းသွားပြီဖြစ်ပြီး လတ်တလောကုသမှုခံယူဆဲလူနာက ၁၀ ရာခိုင်နှုန်းကျော် ကျန်ရှိပါတယ်။

ကယားပြည်နယ်ကလွဲလို့ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ ပိုးတွေ့ရှိသူ ရှိခဲ့ပေမဲ့ အခုဆိုရင် ပိုးတွေ့လူနာက ရန်ကုန်၊ ချင်းနဲ့ မွန်ပြည်နယ်မှာသာ ကျန်ရှိတော့ကာ ကျန်ရှိလူနာ ၄၂ ဦးစလုံးက ပြည်ပက ပြန်လာသူများဖြစ်တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်များပါ အချက်အလက်များအရ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က