ပြည်တော်ပြန် ၂၁ ဦးမှာ ရောဂါပိုးတွေ့ရှိထားတာဖြစ်ပါတယ်။

ပြည်ပက ပြန်လာသူတွေအနေနဲ့ မိမိကိုယ်တိုင်နဲ့ မိမိနဲ့အတူ ဝင်ရောက်လာသူတွေဟာ ရောဂါပိုးသယ်ဆောင်လာသူဖြစ်နေနိုင်တာကို သတိပြုဖို့ လိုအပ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတိပေးပြောကြားလိုက်ပါတယ်။

လတ်တလောအခြေအနေ ပြည်တွင်းကူးစက်မှုတွေ ထပ်မရှိတော့တာပေမယ့် ပြည်ပပြန်လာသူတွေမှာ ရောဂါပိုးတွေ့ရှိသူ အလွန်းများပြားနေတာကို တွေ့ရတယ်လို့ဆိုပါတယ်။ ပြန်လည်ဝင်ရောက်လာသူတွေဟာ ရောဂါပိုးသယ်ဆောင်နိုင်ခြေများပြားနေတာကြောင့် ကျန်းမာရေးအသိတွေကို တိကျစွာ လိုက်နာဆောင်ရွက်ကြဖို့ ၊ လိုက်နာခြင်းမရှိပါက မြန်မာနိုင်ငံရဲ့ အရင်းအမြစ်တွေနဲ့ ထိန်းချုပ်လို့မရနိုင်တဲ့ ရောဂါကူးစက်မှုကြီးဖြစ်လာနိုင်ပြီး နိုင်ငံစီးပွားရေးကို ကြီးမာစွာထိခိုက်လာနိုင်သလို နောက်ဆက်တွဲဆိုးကျိုးတွေကိုလည်း ခံစားရမှာဖြစ်တယ်လို့ ဆိုပါတယ်။



မြန်မာနိုင်ငံမှာ COVID-19 ရောဂါကို အပြီးသတ်အမြန်ဆုံးထိန်းချုပ် နိုင်ရေးအတွက် ပြန်လည်ဝင်ရောက်လာသူတွေအနေနဲ့ ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိနဲ့ အပြည့်အ၀ ပူးပေါင်းကူညီကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မေလ ၁၆ ရက်ကနေ ၂၅ ရက်နေ့ ည ၈ နာရီအထိ ပြည်ပကပြန်လာသူ ၂၁ ဦးမှာ ရောဂါပိုးတွေ့ရှိထားပြီး မလေးရှားပြန် (၁၁) ဦး၊ ယူအေအီးပြန် (၈) ဦး၊ အီတလီပြန် (၁) ဦးနဲ့ အိန္ဒိယပြန် (၁) ဦးတို့ ဖြစ်ပါတယ်။

အစိုးရအနေနဲ့ ပြည်ပမှာအခက်ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသားတွေကို မေလဆန်းပိုင်းကစပြီး ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ ပြန်လည်ခေါ်ယူမှုတွေ လုပ်ခဲ့ပါတယ်။ လက်ရှိအချိန်အထိ ပြည်ပ နိုင်ငံအသီးသီးက မြန်မာနိုင်ငံသား ၂၀၀၀ ကျော်ကို ပြန်လည်ခေါ်ယူခဲ့ပြီး ပြန်လည်ဝင်ရောက်လာသူတွေဟာ အစိုးရက စီစဉ်ပေးတဲ့ အသွားအလာကန့်သတ်ထားတဲ့နေရာမှာ ၂၁ ရက် နေထိုင်ရပြီး ရောဂါပိုးရှိမရှိ ဓာတ်ခွဲစစ်ဆေးပေးနေတာလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က