အထည်ချုပ်လုပ်ငန်းရှင်တချို့က ရောဂါကာကွယ်ရေး PPE ဝတ်စုံတွေနဲ့ နှာခေါင်းစည်း (Mask) တွေပြောင်းလဲချုပ်လာပြီး ပြည်တွင်းဈေးကွက်မှာ ဖြန့်ဖြူး ရောင်းချလာကြတာပါ။

ပြည်တွင်း မှာချုပ်လုပ်နေတဲ့ PPE ဝတ်စုံနဲ့ Mask တွေဟာပြည်ပကို ထိုးဖောက်နိုင်ဖို့ အတွက် နိုင်ငံတကာစံနှုန်းနဲ့ အသိအမှတ်ပြု စစ်ဆေးရေးကိစ္စတွေလိုအပ်ချက်ရှိနေတယ်လို့ အထည်ချုပ်လုပ်ငန်းရှင်တွေဆီကသိရပါတယ်။


မြန်မာနိုင်ငံက အထည်ချုပ်စက်ရုံတွေမှာ ထုတ်လုပ်နေတဲ့PPE နဲ့ Mask တွေရဲ့အရည်အသွေးက ကိုဗစ်-၁၉ရောဂါပိုးကူးစက်မှုကို ၁၀၀ရာခိုင်နှုန်းကာကွယ်နိုင်ခြင်းရှိ/မရှိကို ပြည်တွင်းမှာ စစ်ဆေးနိုင်တဲ့ သုတေသနနေရာမရှိသလို ပြည်ပကိုပို့ဆောင်စမ်းသပ်ဖို့အတွက်လည်း ရောဂါပိုးဂယက်ကြောင့် ပေးပို့စစ်ဆေးနိုင်ခြင်းမရှိတဲ့အတွက် ပြည်ပဈေးကွကို ထိုးဖောက်ရခက်ခဲနေတာပါ။ “အခုဆို PPE ဝတ်စုံနဲ့ Mask အစ်မ တို့ချုပ်နေတယ်။ Medical အပိုင်းတွေ ပါတဲ့ အတွက် ကြိုးတော့ ကြိုးစားကြည့်တယ်။ ခက်ခဲတယ်။ Export သွားဖို့ထိတော့ မလွယ်ကူနိုင်ဘူး။ ပြည်ပဈေး ကွက်ထိုးဖောက်ဖို့ဆိုတာ လိုအပ်ချက်တွေက တအား များလွန်းပါတယ်။ ဓာတုစမ်းသပ် စစ်ဆေးချက်တွေ ပစ္စည်းတွေ စသဖြင့်ပေါ့နော် လိုအပ်ချက်တွေကရှိတယ်” လို့ရွှေဆည်းဆာ အထည်ချုပ်လုပ်ငန်း ပိုင်ရှင် မနှင်းသက်မွန် က ပြောပါတယ်။


လက်ရှိ ပြည်တွင်းအထည်ချုပ်စက်ရုံတွေက ထုတ်လုပ်နေတဲ့ PPE နဲ့ Mask တွေက ပြည်ပဈေးကွက်ပို့တဲ့ အဆင့်မမီသေးသလို ပြည်တွင်းဈေးကွက်မှာပါ ဝယ်လိုအားကျဆင်းနေတယ်လို့လည်းသိရပါတယ်။ 

“ဈေးကွက်ထိုးဖောက်ဖို့ကို အစ်မတို့လိုက်စစ်ဖို့ကြိုးစားတယ်။ ဒါပေမယ့် ဒီမှာ စစ်ဆေးတဲ့ နေရာမရှိဘူး။ ပြည်ပနိုင်ငံတွေကို ပို့ပြီး စစ်ဖို့ကြတော့လည်း လက်ရှိ ကိုဗစ်ကာလ အခြေအနေမို့ အဆင်မပြေဘူး အဲ့လိုအခြေအနေပါ”လို့ Garment အထည်ချုပ်လုပ်ငန်း ပိုင်ရှင် မနန်းလု က ပြောပါတယ်။


အထည်ချုပ်လုပ်ငန်းတွေအနေနဲ့ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားတဲ့အခြေအနေ ကြောင့် အထည်အမှာအော်ဒါရရှိမှု ခက်ခဲလာသလို ကုန်ကြမ်း ပြတ်လပ်မှုလည်း ရှိလာတဲ့အတွက် အထည်ချုပ်လုပ်ငန်းရှင်တချို့က ရောဂါကာကွယ်ရေး PPE ဝတ်စုံတွေနဲ့ နှာခေါင်းစည်း (Mask) တွေပြောင်းလဲချုပ်လာပြီး ပြည်တွင်းဈေးကွက်မှာ ဖြန့်ဖြူး ရောင်းချလာကြတာပါ။ ဒါပေမယ့် PPE နဲ့ Mask ချုပ်လုပ်ရောင်းချမှုက ယခင်ပြည်တွင်းမှာ ၁၀၀ ရာခိုင်နှုန်းလောက်ရောင်းချနိုင်ခဲ့ပေမယ့် လက်ရှိ မှာတော့ ၁၀ ရာခိုင်နှုန်းလောက်သာရှိလို့ PPE နဲ့ Mask ချုပ်လုပ်မှု ရပ်ဆိုင်းတာ၊ လျှော့ချတာမျိုးတွေလည်းလုပ်နေရတယ်လို့သိရပါတယ်။ 


အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါသည်။

Share

Loading Next Article...
က္က