တောင်ဒဂုံမြို့နယ် ၂၅ရပ်ကွက်၊ ပြည်ထောင်စုလမ်းမပေါ်က နေအိမ်ကို ပြန်ပို့ခဲ့တာပါ။

ဒီနေ့ သြဂုတ်လ ၂၇ရက် မနက်၈နာရီမှာ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကိုဗစ်အတည်ပြုလူနာအမှတ် ၅၈၄ ရဲ့ အတူနေမိသားစုဝင်တစ်ဦးဖြစ်သူဟာ ဒီနေ့မနက်ပိုင်းမှာ တက္ကစီကားငှားရမ်းစီးနင်းခဲ့တဲ့အတွက် အဆိုပါကားကို လက်ရှိအချိန်မှာ စုံစမ်းရှာဖွေနေပါတယ်။

ပိုးတွေ့လူနာရဲ့တူတော်စပ်သူကို နေအိမ်ကအကြောင်းကြား ပြန်ခေါ်တာကြောင့် ရုံးသွားနေစဉ် လမ်းတစ်ဝက်ကနေ တောင်ဒဂုံမြို့နယ် ၊ ၂၅ရပ်ကွက် ၊ ပြည်ထောင်စုလမ်းပေါ်မှ နေအိမ်ကို တက္ကစီငှားပြီး ပြန်လာခဲ့တာ ဖြစ်တယ်လို့ ရပ်ကွက်တာဝန်ရှိသူက Duwun ကို ပြောပါတယ် ။




" မရမ်းကုန်းမြို့နယ်က သတ္တုတွင်းဘဏ် ဝန်ထမ်းလို့သိရတယ် ။ အိမ်ကလူတွေကလည်း positive လူနာရှိတယ်ဆိုတာ အစ်မတို့က အကြောင်းကြားချိန်မှ သိရတာလေ ။ အဲဒီအချိန်မှာ ဒီကောင်လေးက ဖယ်ရီနဲ့ ရုံးသွားနေပြီ ။ ပြန်ခေါ်ပါဆိုတော့ လမ်းတစ်ဝက်ကနေ တက္ကစီနဲ့ပြန် လာတာ ။ အစ်မတို့က အိမ်ရှေ့ကနေ တက္ကစီကိုပါ စောင့်နေတာ ။ သူက အိမ်ကိုကျော်ရပ်ပြီး လမ်းလျှောက်အိမ်ထဲဝင်လာမှသိရတော့ တက္ကစီသမားကိုက မမီလိုက်ဘူး ။ ကောင်လေး ကလည်း မမှတ်မိဘူး " လို့ တောင်ဒဂုံမြို့နယ် ၊ ၂၅-ရပ်ကွက် ၊ အပိုင်း(၃) ရာအိမ်မှူး ဒေါ်အေးမြဆွေက Duwun ကို ပြောပါတယ် ။



တက္ကစီယာဉ်မောင်းအနေနဲ့ မနက် ၈နာရီခွဲဝန်းကျင်က လူငယ်အမျိုးသား တစ်ဦးကို တောင်ဒဂုံမြို့နယ် ၊ ၂၅ရပ်ကွက် ၊ ပြည်ထောင်စုလမ်းပေါ်က နေအိမ်ကို ပြန်ပို့ခဲ့တယ်လို့ မှတ်မိရင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး သို့မဟုတ် သက်ဆိုင်ရာအဖွဲ့အစည်းကို သတင်းပို့လာဖို့ အတွက်လည်း သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေကတောင်းဆိုထားပါတယ်။


တောင်ဒဂုံမြို့နယ် ၊ ၂၅-ရပ်ကွက် ၊ ပြည်ထောင်စုလမ်းပေါ်မှာနေထိုင်တဲ့ ပိုးတွေ့လူနာအမှတ် ၅၈၄က လေကြောင်းလိုင်းတစ်ခုရဲ့ မန်နေဂျာဖြစ်ပြီး စစ်တွေကနေ သြဂုတ်လ ၁၄ရက်မှာ ရန်ကုန်ကို ပြန်ရောက်လာတာပါ။ သြဂုတ်လ ၁၇ရက်မှာတော့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်က ရုံးကို သွားရောက်ခဲ့ပြီး ရပ်ကွက်အတွင်းမှာတော့ တိုက်ရိုက်ထိတွေ့သူ မရှိဘူးလို့ သိရပါတယ် ။ 


သြဂုတ်လ ၂၆ရက်မှာတော့ နှာခေါင်းအနံ့မရရှိတာကြောင့် မြို့နယ် Fever Clinic ကနေတစ်ဆင့် သင်္ဃန်းကျွန်းဆေးရုံရောက်ရှိကာ ကိုဗစ်သံသယလူနာအဖြစ် စစ်ဆေးခဲ့ပြီး ဒီနေ့ သြဂုတ်လ ၂၇ရက် မနက် ၈နာရီမှာတော့ ကိုဗစ်အတည်ပြုလူနာအဖြစ် ကျန်းမာရေးဝန်ကြီးက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က