ထီလက်မှတ်အစောင်ရေ ၁၄၁၃၅ စောင်ပျောက်ဆုံးခဲ့ပါတယ်။

မရောင်းချရသေးမီ ပျောက်ဆုံးသွားတဲ့ ထီလက်မှတ်တွေထဲက ပေါက်ဂဏန်းပါခဲ့ရင် ဆုမဲထုတ်ပေးမှာမဟုတ်ဘူးလို့ အောင်ဘာလေသိန်းဆုဌာနခွဲကကြေညာချက်ထုတ်ပြန်ထားပါတယ်။

Photo - ပြည်တွင်းအခွန်များဦးစီးဌာနစ


ဖေဖေါ်ဝါရီ ၁ ရက်နေ့မှာ ဖွင့်လှစ်မယ့် ၂၃ ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေ သိန်းဆုဖွင့်ပွဲအတွက် ထီလက်မှတ်များဖြန့်ချိရာမှာ အောင်ဘာလေသိန်းဆုဌာနခွဲက မရောင်းချရသေးမီ လမ်းခရီးမှာ ထီလက်မှတ်အစောင်ရေ ၁၄၁၃၅ စောင်ပျောက်ဆုံးခဲ့ပါတယ်။

အဲ့ဒီထီလက်မှတ်တွေက အောင်ဘာလေသိန်းဆုဌာနခွဲ(မန္တလေးရုံးခွဲ)ကနေ မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့ကို စာတိုက်ချောနဲ့ ပို့ဆောင်ရာလမ်းခရီးမှာ ပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။

ဒီထီတွေဟာမရောင်းရသေးတာကြောင့် အကယ်၍ ၂၃ ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေ သိန်းဆုဖွင့်ပွဲမှာ အဲ့ဒီ ထီလက်မှတ် နံပါတ်တွေက ဆုမဲတွေထွက်ပေါ်လာတယ်ဆိုရင် အထူးဆုကြီးစနစ်ဖြစ်စေ ဆုတစ်ဆုချင်းစနစ်တွင်ဖြစ်စေ ရောင်းချရတဲ့ ထီလက်မှတ် ဂဏန်းထွက်ပေါ်လာတဲ့အထိ ပြန်လည်ဖွင့်လှစ်ပေးသွားမယ်လို့ ဇန်နဝါရီ ၁၁ ရက်နေ့ရက်စွဲနဲ့ အောင်ဘာလေသိန်းဆုဌာနခွဲကကြေညာထားတာပါ။

အကယ်၍ ဝေေ၀ဆာဆာပဒေသာ ဆုမဲစနစ်မှာ ပေါက်နေရင် ဆုမဲတန်ဖိုး စုစုပေါင်းအတွက် ဖွင့်လှစ်ပေးမယ့် ဆုမဲတွေ ကြေညာပြီး အစားထိုးပြန်လည်ဖွင့်လှစ်ပေးသွားမယ်လို့ဖော်ပြထားပါတယ်။



က္က