အထွက်ပေါက်မချန် အခိုင်အမာ ပိတ်ဆို့ခြင်းတွေ ရှိလာတာကြောင့် သတိပေးစာထုတ်ပြီး တားမြစ်လိုက်တာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းအတွင်းက ရပ်ကွက်တချို့မှာလမ်းတွေကို အခိုင်အမာပိတ်ဆို့တဲ့အပြုအမူတွေမလုပ်ဖို့ ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနဲ့အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီက စာထုတ်သတိပေးလိုက်ပါတယ်။

ရန်ကုန်မှာ ကိုဗစ် ကပ်ရောဂါဟာ ပြည်တွင်းကူးစက်မှုပုံစံနဲ့ မြင့်တက်လာတာကြောင့် ပြည်သူလူထုကလည်း စိုးရိမ်မှုတွေဖြစ်ပေါ်နေပြီး Stay Home မြို့နယ်တွေထဲက ရပ်ကွက်တချို့မှာ လမ်းတွေကို လူအဝင်အထွက်ပေါက်မချန်အခိုင်အမာပိတ်ဆို့ခြင်းတွေရှိလာတာကြောင့် အခုလို သတိပေးစာထုတ်ပြီးတားမြစ်လိုက်တာဖြစ်တယ်လို့သိရပါတယ်။"ခုဟာကအရမ်းပိတ်ဆို့တားဆီးတဲ့သဘောကြီးဖြစ်နေတယ်။ဒါတွေမဖြစ်သင့်ဘူး။ မြို့နယ်အုပ်ချုပ်ရေးမှူးတွေကနေ ရပ်ကွက်အုပ်ချုပ်ရေးကိုပြန်ပြီးတော့ ဆောင်ရွက်ရမယ်။ ဒါဆိုအဆင်ပြေမယ်ထင်ပါတယ်။ခုလည်း အစိုးရအဖွဲ့ကိုယ်စားအတွင်းရေးမှူးလက်မှတ်နဲ့ ညွှန်ကြားစာထုတ်ထားပါတယ်"လို့ ရန်ကုန်တိုင်း ကိုဗစ်ကော်မတီဝင် ဦးအောင်ထူးကပြောပါတယ်။ ဒါ ေကြာင့်လမ်းတွေမှာအခိုင်အမာပိတ်ဆို့ထားခြင်း၊သစ်ပင်များခုတ်လှဲချပြီးပိတ်ခြင်း၊ သစ်သား၊ သံပြား/သွပ်ပြားတွေနဲ့ အပြည့်ကာရံပိတ်ထားခြင်းတွေ မရှိအောင် သက်ဆိုင်ရာ မြို့နယ်၊ရပ်ကွက် တာဝန်ရှိသူတွေအနေနဲ့ စစ်ဆေးကြပ်မတ်ဆောင်ရွက်ရမယ်လို့ ထုတ်ပြန်စာမှာဖော်ပြထားပါတယ်။



ဒါ့အပြင် Stay at Home အစီအစဉ်မှာ အကျုံးဝင်တဲ့ မြို့နယ်တွေ အနေနဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကထုတ်ပြန်ထားတဲ့ Stay at Home စည်းကမ်းချက်တွေကိုတိတိကျကျလိုက်နာရမှာဖြစ်ပြီး ကားလမ်းတွေကိုလည်း ဝင်ထွက်သွားလာမှု အဆင်ပြေအောင်သာပိတ်ရမှာဖြစ်ပါတယ်။ "လော့ဒေါင်းမဟုတ်ပဲ လမ်းတွေကို ကန့်သတ်တာမျိုးတော့ ကျွန်တော်တို့ဆီမှာမရှိပါဘူး။ အဲ့လိုမျိုးကြီးမလုပ်ဖို့လည်း ပထမတစ်ကြိမ်ထဲက ညွှန်ကြားထားပြီးသားဖြစ်တယ်။ ပိုးတွေ့လူနာရှိတဲ့လမ်းကိုသာ လော့ဒေါင်းချဖို့ သတ်မှတ်ထားပါတယ်။"လို့ လိူင်သာယာ မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုလင်း ကပြောပါတယ်။

ရန်ကုန်တိုင်းမှာ Stay Home အကျုံးဝင်တဲ့ မြို့နယ်တွေကတော့ လိူင်သာယာ၊မရမ်းကုန်း၊ကမာရွတ်၊ စမ်းချောင်း၊ကြည့်မြင်တိုင်၊အလုံ၊ကျောက်တံတား၊ဗိုလ်တစ်ထောင်၊ မင်္ဂလာတောင်ညွန့် ၊တာမွေ၊ ရန်ကင်း၊ မြောက်ဒဂုံ ၊တောင်ဒဂုံ၊တောင်ဥက္ကလာ၊ဒဂုံ၊ဒဂုံမြို့သစ်အရှေ့ပိုင်း၊ဗဟန်း၊ဒဂုံဆိပ်ကမ်း၊ ‌သင်္ဃန်းကျွန်း၊ ပုဇွန်တောင်၊ မြောက်ဥက္ကလာပ မြို့နယ်နှင့် လှိုင်မြို့နယ်၊လမ်းမတော်၊ဒေါပုံ၊လှည်းကူး၊အင်းစိန်၊ မင်္ဂလာဒုံ၊ သာကေတမြို့နယ်တွေဖြစ်ပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က