ဒီဇင်ဘာလမှာကျင်းပမှာပါ။
Ei Ei Htun

ပန်းအစစ်တွေကိုသာ အသုံးပြုသွားမှာဖြစ်ပြီး ပန်းတွေကို မြေမြင်ပေါ်မှာချမစိုက်ဘဲ ရုပ်လုံးရုပ်ကြွပုံစံတွေပါဝင်သလို ပန်းတွေကိုအိတ်နဲ့ထည့်ပြီး လိုသလိုပုံဖော်သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။ 

ပြင်ဦးလွင်မြို့က ဒီဇင်ဘာခြံမှာ ပန်းအလှဆင်ပွဲတော်ကြီးတစ်ခု လာမယ့်ဒီဇင်ဘာလမှာကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ဒီဇင်ဘာလ ၁၈ ရက်နေ့ကနေ နောက်နှစ်ဇန်နဝါရီလ ၁၈ ရက်နေ့အထိ တစ်လကြာခင်းကျင်းပြသပေးထားမှာလို့သိရပါတယ်။

ရောင်စုံပန်းအစစ်တွေနဲ့ ရုပ်လုံးရုပ်ကြွပုံသဏ္ဍန်ဒီဇိုင်းအပြင်အဆင်တွေနဲ့အလှဆင်ခင်းကျင်းပြသသွားမှာလည်းဖြစ်ပါတယ်။

" ပွဲတော်ကိုတစ်လတိတိကျင်းပမှာပါ။ ဒီပွဲမှာထူးခြားချက်က ပန်းအတုလုံးဝမသုံးထားပါဘူး။ ပန်းတွေကို မြေကြီးပေါ်မှာအားလုံးချစိုက်မှာမဟုတ်ဘဲ အိတ်တွေနဲ့ပဲထည့်ပြီး လိုသလိုပုံဖော်လို့ရအောင်ဆောင်ရွက်သွားမယ်။ ၆၀% လောက်ကို ရုပ်လုံးရုပ်ကြွတွေနဲ့ ပုံဖော်သွားမယ်။ ၄၀%ကိုတော့ မြေပြင်ပေါ်မှာပဲ ပုံဖော်သွားမယ်။ ဘဲရုပ်တွေနဲ့ ၊ ပန်းသစ်ပင်လိုပုံစံတွေနဲ့ မြန်မာနိုင်ငံမှာမရှိသလောက်ရှားတဲ့ ပန်းတံတိုင်းတွေကို ပုံဖော်သွားမှာဖြစ်တယ်" လို့ ပန်းအလှပြုပြင်ရေးတာဝန်ယူထားတဲ့ မရီရီထွန်းကပြောပါတယ်။

ပြင်ဦးလွင် ဒီဇင်ဘာခြံကို ၂၀၀၃ ခုနှစ်ကစတင်တည်ထောင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး စတင်ဖွင့်လှစ်စဉ်က ဧက ၂၀ ခန့်နဲ့စတင်ခဲ့တာပါ။ ကြက်မွေးမြူရေး နို့စားနွားမွေးမြူရေးလုပ်ငန်းတွေလုပ်ကိုင်ရင်း နွားနို့လာရောက်သောက်သုံးသူတွေများပြားလာရာကနေ စားသောက်ဆိုင်ပါတွဲဖွင့်ရင်း အခုအခါမှာတော့ ၁၃၈ ဧကရှိတဲ့သဘာဝအပန်းဖြေစခန်းတစ်ခုအဖြစ် တည်ရှိနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၃ နှစ်ခန့်ကတော့ သစ်ပင်သစ်တော သဘာဝပတ်ဝန်းကျင်တွေနဲ့ ဧည့်သည်တွေအပန်းဖြေအနားယူနိုင်ဖို့အတွက် ဧက ၅၀ ခန့်ရှိတဲ့ရေတံခွန်ပန်းခြံကြီးတစ်ခု ထပ်မံတိုးမြှင့်ဖွင့်လှစ်ပေးခဲ့ပြီး မကြာခင်မှာပဲ အဲဒီနေရာမှာ ပန်းအလှဆင်ပွဲတော်ကြီးတစ်ခု ခင်း ကျင်းပြသသွားဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။

ဒီဇင်ဘာခြံကိုသွားမယ်ဆိုရင်တော့ ပြင်ဦးလွင်မြို့ထဲကနေ မိနစ် ၂၀ လောက်ကားနဲ့သွားရတာဖြစ်ပြီး၊ မန္တလေးမြို့ကနေဆိုရင် မန္တလေး-လားရှိုးလမ်း ပြင်ဦးလွင်မြို့ရှောင်လမ်းကနေ ၃ မိနစ်လောက်ကားနဲ့သွားလို့လည်းရလို့ရတဲ့ အပန်းဖြေစရာနေရာတစ်ခုလည်းဖြစ်ပါတယ်။


က္က