ပွဲတော်ကျင်းပရာလမ်းတစ်လျှောက်မှာတပ်ဆင်သွားမှာပါ။
Minn Nandar

ပြင်ဦးလွင်တန်ဆောင်တိုင်မီးထွန်းပွဲတော်ရဲ့ မီးပုံးပျံပွဲတော်က အခုနှစ်မှာလည်း လုံခြုံရေးအပြည့်အဝနဲ့ အစဉ်အလာမပြတ် စည်ကားသိုက်မြိုက်စွာကျင်း ပသွားမှာဖြစ်ပြီး မနှစ်ကထက်လုံခြုံရေးတွေကို တိုးပြီးဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

သြဂုတ် ၁၅ ရက် တပ်မတော်နည်းပညာတက္ကသိုလ်တိုက်ခိုက်ခံရမှုရဲ့နောက်ဆက်တွဲအဖြစ် ပြင်ဦးလွင်မြို့နဲ့ပတ်သက်ပြီး ကောလဟလတွေဖြစ်ပေါ်ခဲ့ ပေမယ့်လည်း တကယ်တမ်းမြို့ရဲ့အခြေအနေက တည်ငြိမ်အေးချမ်းစွာနဲ့ပဲရောင်းဝယ်ဖောက်ကားလျှက်ရှိနေတယ်လို့ဆိုပါတယ်။

၂၀၁၈ခုနှစ်ပွဲတော်ကျင်းပခဲ့မှုပုံရိပ်များ

" ဟိုတလောကဖြစ်ပွားခဲ့တဲ့ ကိစ္စကြောင့် ကာလဟာလတွေနဲ့ ပတ်သက်ပြီး ဒီနှစ်မှာ ထူးထူးခြားခြား လုပ်နိုင်တာကတော့ လုံခြုံရေးအင်အားတွေကို တိုးချဲ့ထားတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့အပါအဝင် တာဝန်ရှိအဖွဲ့အစည်းတွေက အတွင်းစည်း၊ အပြင်စည်း မှာကအစ လုံခြုံရေးဆောင်ရွက်ထားလို့ စိုးရိမ်ဖွယ်မရှိပါဘူး။ ပွဲတော်အတွင်းမှာ တစ်ခုခုဖြစ်ခဲ့ရင်သိနိုင်အောင် အရင်နှစ်တွေက CCTV အလုံး(၂၀)တပ်တယ်ဆိုရင် ဒီနှစ်မှာ (၅၀)လောက်တပ်သွားမယ်။ ပွဲတော်ကိုဝင်လာမယ့် ဂိတ်ပေါက်၊ လူသွားလမ်းတစ်လျှောက်မှာ ပုံရိပ်တစ်ခုနဲ့ တစ်ခု ဆက်စပ်ဇုန်တွေမှာ အဆက်မပြတ် CCTV တွေကို ပွဲတော်လုံခြုံရေးအတွက်တပ်ဆင်သွားမှာဖြစ်တယ်" လို့ မဟာအံ့ထူးကံသာဘုရားဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးကျော်ဌေးကိုက Duwunကိုပြောပါတယ်။

၂၀၁၈ခုနှစ်ပွဲတော်ကျင်းပခဲ့မှုပုံရိပ်များ

အခုနှစ် ၁၅ ကြိမ်မြောက်ပြင်ဦးလွင်တန်ဆောင်တိုင်မီးထွန်းပွဲတော် မီးပုံးပျံပွဲတော်ကို နိုဝင်ဘာလ ၈ ရက်နေ့ကနေ ၁၂ ရက်နေ့အထိကျင်းပသွားမှာဖြစ်ပြီး နေ့အရုပ်အလှမီးပုံးပျံ ၄၄ လုံး၊ ညမီးကျည်အလုံး ၂၀ နဲ့ စိန်နားပန် ၁၈ လုံး စုစုပေါင်းမီးပုံးပျံအလုံးရေ ၈၂ လုံးပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်တယ်လို့ ပွဲတော်ကျင်းပရေးကော်မတီကသတင်းထုတ်ပြန်ကြေညာထားပါတယ်။

မီးပုံးပျံပြိုင်ပွဲကျင်းပရက်တွေမှာ နေ့စဉ် မနက် ၈ နာရီကနေ နေ့လယ် ၁ နာရီအထိ ဝါသနာရှင်လူငယ်တွေ ကိုယ်တိုင်တည်ဆောက်ထားတဲ့လေယာဉ် ငယ်လေးတွေသရုပ်ပြပျံသန်းခြင်း၊ ပြိုင်ပွဲဝင်ပျံသန်ခြင်းအစီအစဉ်တွေပါဝင်မှာဖြစ်သလို ဖူးဆယ်ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဘော်လီဘောပြိုင် ပွဲတွေလည်း ထည့်သွင်းကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်။


က္က