နိုဝင်ဘာလ(၄)ရက်နေ့မှာ ကျင်းပတော့မှာပါ။

မနှစ်ကလုံခြုံရေးအင်အား (၁၃၀)လောက်သုံးခဲ့ပြီး ဒီနှစ်မှာတော့ လိုအပ်တဲ့ နေရာအားလုံးမှာ လုံခြုံရေးအင်အားကို မနှစ်ကထက် မနည်းအောင် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြည်မြို့နယ်မှူး ရဲမှူးသန်းဇော်ဦးကပြောပါတယ်။ 

ပြည်မြို့ ရွှေဆံတော်ဘုရားပွဲကို ယခုနှစ်မှာ လုံခြုံရေးကို ယခင်နှစ်တွေကထက် ပိုမိုတင်းကြပ်စွာဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။ ဘုရားပွဲတော်မစခင်ကတည်းက လုံခြုံရေးတွေကိုဆောင်ရွက်သွားမှာဖြစ်ပြီး ပွဲတော်ကာလမှာလည်း လက်နက်ကိုင်ဆောင်မှုတွေမရှိအောင် အဝင်၊အထွက်ဂိတ်တွေကို သေချာစစ်ဆေးသွားမှာဖြစ်တယ်လို့ဆိုပါတယ်။

“ ပွဲတော်ကာလမှာ တာဝန်ရှိအဖွဲ့တွေပူးပေါင်းပြီးတော့ လုံခြုံရေးတွေကို ဘုရားရင်ပြင်ပေါ်မှာကော အောက်ပိုင်းတွေမှာပါ လိုအပ်တဲ့နေရာအားလုံးမှာလုံခြုံရေးချသွားမယ်။ ဘယ်နေရာတွေဆိုတာကတော့ ပြောလို့အဆင်မပြေဘူး။ မနှစ်ကထက်ပိုတယ် အင်အားက။ မနှစ်ကဆို လုံခြုံရေးအင်အား (၁၃၀)လောက်သုံးခဲ့တယ်။ ဒီနှစ်ကတော့ ဒီထက်မနည်းအောင်ပိုပြီး ဆောင်ရွက်သွားမှာပါ” လို့ ပြည်မြို့နယ်မှူး ရဲမှူးသန်းဇော်ဦးက Duwun ကိုပြောပါတယ်။ 

ပြည်မြို့ရွှေဆံတော်ဘုရားပွဲကိုတော့ နိုဝင်ဘာလ(၄)ရက်နေ့မှ (၁၃)ရက်နေ့ထိ ကျင်းပပြုလုပ်သွားမှာပါ။ မနှစ်ကဘုရားပွဲတော်ကာလမှာလည်း ကြီးကြီးမားမား ခိုက်ရန်ဖြစ်ပွားခဲ့တာမျိုးမရှိပေမယ့်လည်း ဒီနှစ်မှာတော့ လုံခြုံရေးကိုတင်းကြပ်စွာဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

“ လုံခြုံရေးတင်းကြပ်ရတာက တခြားဘာပယောဂကြောင့်မှတော့မဟုတ်ပါဘူး။ လုံခြုံရေးတိုးမြင့်တာက ပိုပြီးတော့ကောင်းအောင်၊ စိတ်ချရအောင်လုပ်တဲ့ သဘောပါ” လို့ ရဲမှူးသန်းဇော်ဦးက ပြောပါတယ်။

ပြည်မြို့ရဲ့ ကျက်သရေဆောင်ဘုရားကြီးဖြစ်တဲ့ ရွှေဆံတော်ဘုရားကြီးရဲ့ပွဲတော်ဟာ ရိုးရာ အစဉ်အလာမပျက်ကျင်းပလာတဲ့ပွဲတော်တစ်ခုဖြစ်ပြီး ဒီနှစ်ပွဲတော်ဟာဆို(၁၀၂)ကြိမ်မြောက်ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ ပွဲတော်ကာလကိုတော့ နိုဝင်ဘာလ(၄)ရက်နေ့မှ (၁၃)ရက်နေ့ထိ (၁၀)ရက်တိုင်တိုင်ကျင်းပပြုလုပ်သွားမှာပါ။





က္က