ဇွန်လ ၁ ရက်နေ့မှာ သိမ်ဖြူမိုးလုံလေလုံအားကစားကွင်းမှာ ကျင်းပမှာပါ။

မြန်မာနိုင်ငံမှာ ပထမဆုံး နိုင်ငံအဆင့် စက်ရုပ်ပြိုင်ပွဲ Myanmar Roboleague ကို ဇွန်လ ၁ ရက်နေ့ မနက် ၁၀ နာရီမှစတင်ကာ သိမ်ဖြူ မိုးလုံလေလုံအားကစားကွင်းမှာ ကျင်းပသွားမယ်လို့ Myanmar RoboLeague ကသိရပါတယ်။

Photo- Phandeeyar (နိုင်ငံအဆင့် စက်ရုပ်ပြိုင်ပွဲ ကျင်းပမည့် သတင်းစာရှင်းလင်းပွဲ)



တက္ကသိုလ် ကျောင်းသားကျောင်းသူတွေအကြား စက်ရုပ်တည်ဆောက်ခြင်းနဲ့ သိပ္ပံပညာ၊ နည်းပညာ၊ အင်ဂျင်နီယာပညာရပ်နဲ့ သချာၤပညာရပ်တွေ တိုးတက်ပြန့်ပွားစေဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။ စက်ရုပ်ပြိုင်ပွဲအတွက် တိုင်းနဲ့ ပြည်နယ်တစ်ခုစီအတွက် ကိုယ်စားပြုတက္ကသိုလ် ၁၃ ခု ရွေးချယ်ခဲ့ပြီး ချင်းပြည်နယ်ကိုယ်စားပြုအတွက် ပြည်နယ်နဲ့ တိုင်းတက္ကသိုလ်တွေမှာ တက်ရောက်နေတဲ့ ချင်းတိုင်းရင်းသားတွေ ပါဝင်တဲ့အသင်းက ကိုယ်စားပြုပါဝင် ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။

ပြိုုင်ပွဲဝင်ကျောင်းသားကျောင်းသားတွေကို ရွေးချယ်ရာမှာ Math နှင့် Logic၊ Physics နှင့် Mechanics၊ Electronics၊ Programing၊ IQ Test နှင့် Situational Test အစရှိတဲ့ ဘာသာရပ် ၅ ခုပါဝင်တဲ့ ၉၀မိနစ်စာ အွန်လိုင်းမေးခွန်းတွေက တစ်ဆင့် စိစစ်ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင် အသင်း ၁၄ သင်းမှ ပွဲစဉ် ၇ ပွဲ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အနိုင်ရရှိတဲ့ အသင်းတွေက ပွဲစဉ် ၄ ခုထပ်မံယှဉ်ပြိုင်ရမှာဖြစ်တယ်လို့ သိရပါတယ်။

စိတ်ပါဝင်စားသူ မည်သူမဆို ပြိုင်ပွဲကို စာရင်းပေးလာရောက်ကြည့်ရှုနိုင်ပြီး အွန်လိုင်းလက်မှတ်တွေကို Myanmar RoboLeague နှင့် ဖန်တီးရာ Facebook Page မှာ သွားရောက်ထုတ်ယူနိုင်တယ်လို့ ဆိုပါတယ်။ စက်ရုပ်ပြိုင်ပွဲ ကျင်းပနိုင်ရေးအတွက် USAID မှ အဓိကပံ့ပိုးပြီး ဖန်တီးရာမှဦးစီးကာ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံပါမောက္ခအသင်းတို့ ပူးပေါင်းကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က