တိုင်းနဲ့ပြည်နယ် ၁၄ ခုက ဝင်ရောက်ပြိုင်ခဲ့ကြတာပါ။
မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်ကျင်းပတဲ့စက်ရုပ်ပြိုင်ပွဲကို ဒီနေ့ ဇွန် ၁ ရက်နေ့က ကျင်းပခဲ့ရာမှာ ရန်ကုန်တိုင်းအသင်းက ပထမဆုရရှိသွားတယ်လို့ Myanmar RoboLeague အဖွဲ့ကသိရပါတယ်။

Photo - Myanmar RoboLeague Fb



Myanmar RoboLeague စက်ရုပ်ပြိုင်ပွဲကို ရန်ကုန်မြို့၊ သိမ်ဖြူအားကစားကွင်းမှကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ပြည်နယ်နဲ့တိုင်း ကိုယ်စားပြုအသင်း ၁၄ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာပါ။ အဲ့ဒီအသင်းတွေဟာ တစ်နိုင်ငံလုံးမှာရှိတဲ့ နည်းပညာနဲ့ ကွန်ပျူတာ တက္ကသိုလ်တွေ၊ သိပ္ပံတက္ကသိုလ်တွေ ကနေ အသင်းပေါင်း ၄၆ သင်းကနေ ရွေးချယ်ထားတာဖြစ်ပါတယ်။

ပထမဆုနဲ့ အနိုင်ရရှိသွားတဲ့ ရန်ကုန်အသင်းဟာ၂၀၁၉ ခုနှစ် အောက်တိုဘာလထဲမှာ ဒူဘိုင်းမှာ ကျင်းပမယ့် ကမ္ဘာ့အဆင့်စက်ရုပ်ပြိုင်ပွဲ (First Global Robotics Challenge) ပြိုင်ပွဲကို မြန်မာနိုင်ငံအနေနဲ့ ကိုယ်စားပြုသွားပြိုင်ရမှာဖြစ်ပါတယ်။

Photo - Myanmar RoboLeague Fb

အခုပြိုင်ပွဲကို ဖန်တီရာအဖွဲ့ နေကျင်းပတာဖြစ်ပြီး အမေရိကန်အထောက်အပံ့ပေးရေးအဖွဲ့ဖြစ်တဲ့ USAID အဖွဲ့နဲ့ ပညာရေးဝန်ကြီးဌာနတို့က ပူးပေါင်းပြီးကူညီခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ဝါရှင်တန်ဒီစီမှာ ပြုလုပ်ခဲ့တဲ့ ကျင်းပခဲ့တဲ့ First Global Robotics Challenge မှာတော့ မြန်မာနိုင်ငံဟာ အဆင့် ၆ ရရှိခဲ့သလို မက္ကစီကိုမှာ ၂၀၁၈ ခုနှစ်က ကျင်းပတဲ့ပြိုင်ပွဲမှာတော့ အဆင့် ၆၄ ရခဲ့ဖူးပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က