အိမ်မှာ CCTV မရှိတာကြောင့်စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

တောင်ဥက္ကလာမြို့နယ်က ပန်းတိမ်လုပ်ငန်းလုပ်ကိုင်သူ လင်မယား နှစ်ဦး အသတ်ခံရမှု ၆ ရက်ကြာရှိနေပေမယ့် တရားခံကို တော့ ဖမ်းဆီရမိခြင်း မရှိသေးဘဲ စုံစမ်းဆဲသာဖြစ်တယ်လို့ တောင်ဥက္ကလာပမြို့မရဲစခန်းကနေ သိရပါတယ်။

ဒါ့အပြင် လူသတ်တရားခံကို CCTV မှတ်တမ်းနဲ့ ရှာဖွေနေတယ်ဆိုတာလည်း မဟုတ်ကြောင်း၊ အသတ်ခံရတဲ့အိမ်မှာလည်း CCTV တပ်ဆင်ထားတာ မရှိတာ ကြောင့် တရားခံကို ဖမ်ဆီးရမိခြင်းမရှိသေးဘူးလို့ဆိုပါတယ်။ ဒီလူသတ်မှုကိစ္စဟာ တရားဥပဒေစိုးမိုးရေးကိုစိန်ခေါ်လိုက်ခြင်းဖြစ်တာကြောင့် ပြစ်မှုကျူးလွန်သူကိုအမြန်ဆုံးဖမ်းဆီးရမိရေး ကြိုးစားနေတယ်လို့ တောင်ဥက္ကလာပမြို့နယ်မှ ဒုရဲမှူး ဦးရွှေဌေးက ပြောပါတယ်။



ဓာတ်ပုံ- အခင်းဖြစ်ပွားတဲ့နေအိမ်ကို တွေ့ရစဉ်။

" အခြေအနေ ကစုံစမ်းဆဲပဲရှိပါသေးတယ်။ CCTV မှတ်တမ်းနဲ့ရှာနေတယ်ဆိုတာ မဟုတ်ပါဘူး။ လျှောက်ပြောနေတာပါ။ ရဲကသာအသိဆုံးပါ။ နောက်ပြီး အိမ်မှာလည်း CCTV မရှိပါဘူး။ ဒါကြောင့်လည်းခက်နေတာဖြစ်တယ်။လောလောဆယ်စုံစမ်းဆဲအဆင့်ပဲရှိသေးတယ်။" လို့ ဒုရဲမှူး ဦးရွှေဌေးက ဆိုပါတယ်။

ပန်းထိမ်လုပ်ငန်းလုပ်ကိုင်တဲ့ လင်မယားနှစ်ဦးဟာ ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့ ညပိုင်းက သူတို့နေထိုင်ရာ တောင်ဥက္ကလာပမြို့နယ်၊အမှတ် (၇)ရပ်ကွက် ၊ (၆) လမ်းရှိ ကန်ထရိုက်တိုက် ၅လွှာမှာ အသတ်ခံခဲ့ရတာဖြစ်ပါတယ်။ အသတ်ခံခဲ့ရတဲ့အမျိုးသားမှာ ဓားနဲ့ထိုးသွင်း ဒဏ်ရာ အချက်(၂၀) လောက်ရှိတယ်လို့သိရပါတယ်။ လက်ရှိမှာတော့ ပြစ်မှုကျူးလွန်သူကို ပုဒ်မ ၃၀၂ အရ အမှုဖွင့်ထားပြီး စစ်ဆေးဆောင်ရွက်နေဆဲဖြစ်ပါတယ်။

(အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါတယ်)

Share

Loading Next Article...
က္က