loading...

loading...

loading...

Kafe in Town Hot Pot & Restaurant အဆောက်အဦဖြစ်ပါတယ်။
Ei Ei Htun

မနေ့က မတ်လ(၈)ရက်နေ့ မနက်အစောပိုင်းက မီးလောင်ခဲ့တဲ့ကျောက်တံတားမြို့နယ် ကုန်သည်လမ်းနှင့် ပန်းဆိုးတန်းလမ်းထောင့်က Kafe in Town Hot Pot & Restaurant အဆောက်အဦဟာ ရန်ကုန်မြို့ရဲ့ ရှေးဟောင်းအမွေအနှစ်အဆောက်အဦတစ်ခုဖြစ်ပြီး နှစ်ပေါင်း (၁၀၀)ကျော်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

photo- Myanmar Fire Services Department

ရန်ကုန်မြို့ရဲ့ ရှေးဟောင်းအမွေအနှစ်အဆောက်အအုံတွေကို ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့က အပြာရောင်ကမ္မည်းပြားများကို တပ်ဆင်လျှက်ရှိရာမှာ အဆိုပါမီးလောင်ခဲ့တဲ့ အဆောက်အဦကိုတော့ အပြာရောင် ကမ္မည်းပြားမတပ်ဆင်ရသေးဘူလို့ ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့မှ စီမံချက်အရာရှိ ဦးသူရိန်အောင်က Duwun ကိုပြောပါတယ်။ 

“ အဲဒီအဆောက်အဦကကနှစ်ပေါင်းတော်တော်ကြာပြီ။ ကိုလိုနီခေတ် ၁၉၀၀ခုနှစ်မတိုင်ခင်လောက်ကတည်းကအဆောက်အအုံ။ အမွေအနှစ်အေဆာက်အအုံဆိုပေမယ့် အပြာရောင်ကမ္မည်းပြားတပ်ဆင်ထားတာမျိုးမဟုတ်သေးဘူး။ တပ်ဆင်ဖို့စီစဉ်ထားတဲ့အဆောက်အအုံထဲမှာလည်းမပါသေးတဲ့အဆောက်အဦပါ” လို့ ဦးသူရိန်အောင်ကပြောပါတယ်။ 

Kafe in Town Hot Pot & Restaurant အဆောက်အဦမီးလောင်မှုကိုတော့ Level (3) အဆင့်နဲ့ မီးငြှိမ်းသတ်ခဲ့ရပြီး အချိန်နာရီဝက်ကျော်ကြာမီးငြှိမ်းသတ်ခဲ့ရတာလည်းဖြစ်ပါတယ်။ ကနဦးစစ်ဆေးသိချက်တွေအရ အဆောက်အဦအပေါ်ထပ် Hot Pot ဆိုင်ကစတင်လောင်တာဖြစ်တယ်လို့ သိရပါတယ်။ 

“ သေချာသိရတဲ့အဖြေတော့မဟုတ်သေးဘူး။ အခုသိရသလောက်က အပေါ်ထပ် Hot Potဆိုင်ကလောင်တယ်ပြောတယ်။ မီးပျက်ပြီး မီးပြန်အလာမှာ မီးကြိုးကဝါယာရှော့ဖြစ်ပြီး ဂတ်(စ်)အိုးကိုမီးကူးပြီးလောင်တာပြောတယ်။ ဒါက ကနဦးသိရသလောက်ပါ။ ဘယ်ကစလောင်တယ်ဆိုတဲ့ အတိအကျအကြာင်းအရင်းကိုတော့ မီးသတ်ကကျွမ်းကျင်တဲ့သူတွေက စုံစမ်းစစ်ဆေးနေပါတယ်” လို့ ကျောက်တံတားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်မြလှစံက Duwun ကိုပြောပါတယ်။ 

မီးလောင်ခဲ့တဲ့ အဆောက်အဦက ရှေးဟောင်းအဆောက်အအုံဖြစ်လို့ ပြန်လည်ပြုပြင်တဲ့ အပိုင်းကဏ္ဍတွေကိုတော့ ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့နဲ့ တိုင်းအစိုးရရဲ့ ဆုံးဖြတ်ချက်တွေနဲ့ပဲ လုပ်ဆောင်သွားမယ်လို့ ဒေါ်မြလှစံကပြောပါတယ်။ 


loading...

က္က