နှစ်ပေါင်း ၂၀ကျော်််််််အတွင်း ပထမဆုံးတွေ့ရှိမှုလို့ သိရပါတယ်။
Kyaw Ko Ko Sint

ရေမြေသဘာဝအရ ခိုလှုံနိုင်တဲ့ အနေအထားမဟုတ်တဲ့အတွက် နောက်ထပ် မိကျောင်း ထပ်တွေ့ရဖို့တော့ အခြေအနေ နည်းပါးတယ်လို့သိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ ဧရာဝတီမြစ်အတွင်းကနေ အလျား (၅) ပေခန့်ရှိ မိကျောင်းအသေ တစ်ကောင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပြီး ပန်းတနော်မြို့နယ်အတွင်း နှစ် ၂၀အကြာမှာ ပထမဆုံး တွေ့ရှိမှု ဖြစ်တယ်လို့ ပန်းတနော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲမင်းအောင်က Duwun ကိုပြောပါတယ်။

“ရေမြေအနေအထားအရတော့ ဧရာဝတီမြစ်ဘေးက ရွာတွေမှာ တွေ့ရိုးတွေ့စဉ် မရှိဘူးလို့တော့ သိရပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ကျော်လောက်ကတော့ သဘာဝဘေးမဲ့ပေးထားတဲ့ နေရာတွေကနေ လမ်းမှားလာတဲ့ မိကျောင်း တွေတော့ ရှိခဲ့ပါတယ်။အခုက နှစ် ၂၀အတွင်းမှာ ပထမဆုံး မိကျောင်းတွေ့တာပါ”လို့ ဦးရဲမင်းအောင်က ပြောပါ တယ်။

ယခုတွေ့ရှိရတဲ့ မိချောင်းကတော့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ရက်နေ့က တွေ့ရှိခဲ့တာ ဖြစ်ပြီး ဧရာဝတီမြစ်အတွင်းမှာ ထောင်ထားတဲ့ တုပ်‌မြှုံးအတွင်းမှာ အသေဖမ်းမိခဲ့တာလည်း ဖြစ်ပါတယ်။

“ဖမ်းမိတဲ့ မိချောင်းက အသေဖြစ်ပြီး သားပေါက်အရွယ်ဖြစ်ပါတယ်။ဒါကြောင့် မိချောင်းအန္တရာယ်နဲ့ ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေ၊သစ်တော ဦးစီးဌာနတို့ကိုတော့ သတင်းပို့ထားပါတယ်။ရေမြေ အနေအထားအရ ခိုလှုံနိုင်တဲ့ အခြေအနေတော့ မရှိဘူးလို့ အကြမ်းဖျဉ်းအရ သိထားရပါတယ်။‌ဒါကြောင့် နောက် ထပ် မိချောင်းထပ်တွေ့ရဖို့တော့ နည်းတယ်လို့ သိရပါ တယ်။”လို့ ဦးရဲမင်းအောင်က ဆက်လက်ပြောပါတယ်။

အတည်ပြုလို့မရသေးတဲ့ အခြေအနေရ မွန်ပြည်နယ်ဘက်ကနေ မိကျောင်းတွေကို ဘေးမဲ့ပေးတာရှိပြီး ရေမြေခြင်း မတူညီသလို ဒေသခံ မိကျောင်းတွေနဲ့ အဆင်မပြေတဲ့အတွက် ဧရာဝတီဘက်ကို ကျွံထွက်လာတဲ့ အနေအထားမျိုး မှာ ရှိနိုင်တယ်လို့ ခန့်မှန်းနေကြတယ်လို့လည်း ဦးရဲမင်းအောင်ရဲ့ ပြောပြချက်အရ သိရပါတယ်။


Author


က္က