ဒီနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့တာပါ။

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ် အလယ်ပိုင်းရပ်ကွက် သီဟလမ်းနဲ့ အနော်ရထာလမ်းထောင့် CB ဘဏ်မှာ ဒီကနေ့ မနက်ပိုင်းက ဓါးပြတိုက်ခံရပြီး ငွေကျပ် သိန်း ၁၀၀ ကျော်လုယက်ခံခဲ့ရတယ်လို့ ပန်းတနော်မြို့နယ်ရဲစခန်းကနေ သိရပါတယ်။

Photo- IPRD Pantanaw



ဖြစ်စဉ်မှာ ဒီနေ့ မနက် ၁၀ နာရီခွဲအချိန်လောက်က ဘဏ်အတွင်းသို့ မိုးကာအကျီအဖြူ၊ လက်အိတ်အမဲကိုဝတ်ဆင်လာပြီး နှာခေါင်းစည်းတပ်ဆင်လာသူ လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးဝင်လာခဲ့ပါတယ်။ ဘဏ်အတွင်းသို့ ရောက်တဲ့အချိန်မှာ အဆိုပါ အမျိုးသားဟာ ပါလာတဲ့သေနတ်အတိုတစ်လက်ကိုင်ဆောင်ပြီး ဘဏ်ဝန်ထမ်းတွေကို ခြိမ်းခြောက်ကာ ငွေကျပ် သိန်း (၁၀၀) ကျော်ခန့် လုယူထွက်ပြေးသွားခဲ့တယ်လို့လည်း သိရပါတယ်။

Photo- IPRD Pantanaw

လက်ရှိအချိန်မှာ တရားခံကို လိုက်ရှာပြီး စုံစမ်းနေဆဲဖြစ်တယ်လို့ ပန်းတနော်မြို့နယ်ရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက Duwun ကို ပြောပါတယ်။ “ ဓါးပြတိုက်ခံရတာပါ။ လောလောဆယ်စုံစမ်းနေတုန်းပဲ။ တရားခံ မမိသေးပါဘူး။ စခန်းမှူးက ဖြစ်စဉ်နေရာကို သွားနေပါတယ်။ ” လို့ တာဝန်ကျရဲအရာရှိက ဆိုပါတယ်။

Share

Loading Next Article...
က္က