ဌာနချင်းလည်း ချိတ်ဆက်မှုမရှိဘူးလို့ ဆိုပါတယ်။
လမ်းတံတား တည်ဆောက်ရေးလုပ်ငန်းတွေ၊ ရေမြောင်းဖော်တာတွေ၊ ဓာတ်တိုင်စိုက်တာတွေနဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ကြတဲ့အခါ ဌာနအချင်းချင်းတင်မဟုတ်ဘဲ ဝန်ကြီးဌာနချင်းလည်း ချိတ်ဆက်ဆောင်ရွက်မှုမရှိဘူးလို့ ရန်ကုန်မြို့တော်ဝန်က Duwun ရဲ့မေးမြန်းမှုကိုဖြေကြားခဲ့ပါတယ်။

လမ်းတွေ ပြုပြင်ဆောက်လုပ်တဲ့အခါ တည်ဆောက်ပြီးတဲ့ လမ်းတွေ ပလက်ဖောင်းတွေကို ပြန်ဖျက်ပြီး ဓာတ်တိုင်စိုက်တာတွေ၊ လမ်းကိုဖျက်ပြီး ရေမြောင်းဖောက်တာတွေ စသဖြင့် နှစ်ကြိမ် သုံးကြိမ် ပြန်လုပ်နေရတာတွေဟာ ဝန်ကြီးဌာနတွေ ချိတ်ဆက်ဆောင်ရွက်မှုမရှိလို့ ဖြစ်တယ်လို့ မြို့တော်ဝန်က ပြောခဲ့တာဖြစ်ပါတယ်။

"ဌာနချိတ်ဆက်မှုမရှိတာ မဟုတ်ဘူး။ ဝန်ကြီးဌာနကို ချိတ်ဆက်မှုမရှိတာ။ မာစတာပလန်အရဆိုရင် ချိတ်ဆက်မှုရှိရမယ်"လို့ မြို့တော်ဝန်ဦးမောင်မောင်စိုးက ဆိုပါတယ်။

လမ်းတွေကို ပြန်ဖျက်ပြီးမြောင်းတူးတာတွေ ဓါတ်တိုင်စိုက်တာတွေနဲ့ ပတ်သက်ပြီး လုပ်ငန်းပြီးလို့ လမ်းတွေပြန်ပြင်တဲ့အခါ သတ်မှတ်စံချိန်စံညွှန်းမမှီတဲ့လမ်းပြန်ခင်းမှုတွေကြောင့် စည်ပင်သာယာက ပြန်ခင်းနေရပြီး အကုန်အကျလည်းများတယ်လို့ သူကပြောပါတယ်။

ရန်ကုန်မြို့က ပလက်ဖောင်းတွေကို သတ်မှတ်ထားတဲ့ အရွယ်အစားအတိုင်းမရှိတာဟာ ကားရပ်ဖို့ နေရာအတွက်ဆိုပြီး ပလက်ဖောင်းတွေ လှီးထုတ်တာကြောင့်ဖြစ်ပြီး ပလက်ဖောင်းတွေကို သူ့အရွယ်အစားအတိုင်းဖြစ်အောင် ပြန်လုပ်နေတယ်လို့ ဆိုပါတယ်။

Share

Loading Next Article...
က္က