အများပြည်သူနားနေဖို့နေရာတွေနဲ့ သစ်တောဧရိယာတွေပါ ထည့်သွင်းထားတယ်လို့ သိရပါတယ်။

ပြည်ပခရီးသွားတွေပိုဝင်လာစေဖို့ ရည်ရွယ်ထားတဲ့ ဆင်စခန်းတစ်ခုကို မကွေးမှာဖွင့်လှစ်တော့မယ်လို့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

photo-ရှမ်းပြည်နယ်တောင်ပိုင်းမှာဖွင့်လှစ်ထားတဲ့ပုဂ္ဂလိကဆင်စခန်းတစ်ခုမှမြင်ကွင်း ( green hill valley)



မကွေးမှာနောက်လမှာစတင်ဖွင့်လှစ်မှာဖြစ်ပြီးတော့ တောရိုင်းတိရိစ္ဆာန်ထိန်းသိမ်းရေးစခန်းတစ်ခုအနေနဲ့ကော ခရီးသွားတွေပိုအလာများစေဖို့အတွက်ပါ ရည်ရွယ်မှာဖြစ်တယ်လို့ New Light of Myanmar သတင်းစာက ပြောထားပါတယ်။

အဆိုပါ ဆင်စခန်းက ၃.၂၄ ဟက်တာ ကျယ်ဝန်းပြီးတော့ တည်းခိုနားနေဖို့ ဘန်ဂလိုတွေ၊ ဆင်အိမ်တွေ ပါဝင်မှာဖြစ်ပြီး အများပြည်သူ နားနေဖို့နေရာတွေနဲ့ သစ်တောဧရိယာတွေပါ ထည့်သွင်းထားတယ်လို့ သိရပါတယ်။

လာရောက်လည်ပတ်သူတွေအနေနဲ့ ဆင်စီးနိုင်မှာလည်းဖြစ်ပြီးတော့ ဆင် ၇ ကောင်နဲ့ စတင်ဖွင့်လှစ်မှာမှာပါ။ နောက်ပိုင်းမှာ ဆင်ကောင်ရေ ၁၅ ကောင်အထိ တိုးမြှင့်သွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအစိုးရက ဖွင့်လှစ်ထားတဲ့ ဆင်စခန်းတွေအနေနဲ့ လက်ရှိမှာ မကွေးနဲ့ မန္တလေးမှာ သုံးခုအထိရှိပြီးတော့ ဆင်ကောင်ရေ ခုနှစ်ကောင်ကနေ ခြောက်ကောင်အထိ ရှိတယ်လို့ သိရပါတယ်။

မြန်မာ့သစ်လုပ်ငန်းနဲ့ Four Paws International တို့ ပူးပေါင်းပြီး အမေရိကန်ဒေါ်လာ ၂ ဒသမ၁ သန်း တန်ဖိုးရှိတဲ့ ဆင်စခန်းတွေ တည်ဆောက်ရေးနဲ့ ထိန်းသိမ်းရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ နားလည်မှုစာချွန်လွှာ ချုပ်ဆိုထားပါတယ်။ အစိုးရအနေနဲ့ လက်ရှိမှာ (၂၀၁၈-၂၀၂၇ ) ကာလအတွင်းမှာ တောဆင်ရိုင်းတွေ ကာကွယ်ဖို့နဲ့ စားကျက်မြေထိန်းသိမ်းဖို့ ၁၀ နှစ် အစီအစဉ်နဲ့ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က