လွှတ်တင်မှု အောင်မြင်ခဲ့ပြီလို့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

Myanmar Sat 2 လို့ ခေါ်တဲ့မြန်မာပိုင်ဂြိုဟ်တုကို ဒီနေ့ သြဂုတ်လ ၇ ရက် မနက် ၂ နာရီက တောင်အမေရိကတိုက် ပြင်သစ်ဂီယာနာက အာရိယန်အာကာသဒုံးပျံ ပစ်လွှတ်ရေးအခြေစိုက်စခန်းကနေ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့တယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက နေ သိရပါတယ်။

Photo- SciNews



အမေရိကန် ဒေသစံတော်ချိန်အရတော့ သြဂုတ်လ ၆ ရက် ညနေ ၄ နာရီ ၁၇ မိနစ်မှာ လွှတ်တင်နိုင်ခဲ့တာဖြစ်ပြီး မြေပြင်ကနေ ပစ်လွှတ်လိုက်ပြီး ၃၄ မိနစ်ခန့်မှာသတ်မှတ်ပတ်လမ်းကို အောင်အောင်မြင်မြင်နဲ့ ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

ဂြိုဟ်တုလွှတ်တင်ပွဲ အခမ်းအနားကို သြဂုတ်လ ၇ ရက်မနက်အစောပိုင်းက နေပြည်တော် Kempinski ဟိုတယ်မှာကျင်းပခဲ့ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ဂြိုဟ်တု စတင် လွှတ်တင်နေမှု ကို တိုက်ရိုက်ကြည့်ရှုခဲ့တယ်လို့ အဆိုပါဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

အဆိုပါ ဂြိုဟ်တုရဲ့ စုစုပေါင်း ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၁၅၅ ဒဿမ ၇ သန်းခန့် တန်ဖိုးရှိပြီး အရစ်ကျ စနစ်နဲ့ ၂၀၁၈ ခုနှစ်မှာ ၃၀ ရာခိုင်နှုန်းပေးသွင်းခဲ့ကာ ၂၀၁၉ ခုနှစ်မှာ ၅၀ ရာခိုင်နှုန်း၊ ၂၀၂၀ ခုနှစ်မှာ ၂၀ ရာခိုင်နှုန်းပေးသွင်းရမယ်လို့ သိရပါတယ်။

ဂြိုဟ်တုကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန နဲ့ Intelsat Global Sales & Marketing Limited တို့က အချိုးကျ ပိုင်ဆိုင်တာဖြစ်ပါတယ်။

Myanmar Sat 2 လို့ ခေါ်တဲ့ မြန်မာပိုင် ဂြိုဟ်တုဟာ C-Band လိုင်းအင်အားပေါင်း 432 MHz စုစုပေါင်း 864 MHz ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဂြိုဟ်တုသက်တမ်းမှာ ၁၅ နှစ်ကာလဖြစ်ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာ ၁ရက်က စတင်ကာ သက်တမ်းကုန်ဆုံးတဲ့အထိ အသုံးပြုခွင့်ရမယ်လို့လည်းသိရပါတယ်။

ဂြိုဟ်တုလွှတ်တင်ခြင်းကြောင့် မြန်မာနိုင်ငံရဲ့ မိုဘိုင်းလ်အင်တာနက်၊ မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး အော်ပရေတာတွေ ပိုမို မြန်ဆန်လာနိုင်မှာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က