အဆိုပါပြည်တွင်းလုပ်ငန်းကို တိုးတက်မှုနဲ့ ဆန်းသစ်တီထွင်မှုတွေ ထပ်မံတိုးချဲ့နိုင်ဖို့အတွက်မြှုပ်နှံခဲ့တာဖြစ်ပါတယ်။

စွန့်ပစ်အမှိုက်တွေကနေ အမှိုက်တွေသိမ်းတဲ့လုပ်ငန်းလုပ်ကိုင်နေတဲ့ ပြည်တွင်းက လုပ်ငန်းတစ်ခုကို နော်ဝေအခြေစိုက် Katapult Ocean Accelerator အစီအစဉ်ကနေ ဒေါ်လာတစ်သိန်းခွဲ ရင်းနှီးမြှုပ်နှံမှုရရှိခဲ့တယ်လို့ အဆိုပါလုပ်ငန်းလုပ်ကိုင်တဲ့ RecyGlo ကနေ သိရပါတယ်။



စွန့်ပစ်ႍပစ္စည်းတွေကို ပြန်လည်သိမ်းဆည်းတဲ့လုပ်ငန်း လုပ်ကိုင်တဲ့ အဆိုပါ ပြည်တွင်းလုပ်ငန်းကို တိုးတက်မှုနဲ့ ဆန်းသစ်တီထွင်မှုတွေ ထပ်မံတိုးချဲ့နိုင်ဖို့အတွက် ရင်းနှီးမြှုပ်နှံခဲ့တာလည်း ဖြစ်ပါတယ်။

 “အမတို့ ဖန်တီးရာက ပရိုဂရမ်ပြီးလို့ ထပ်ပြီး ရင်းနှီးမြှုပ်နှံမှု ရှာတဲ့အခါမှာ နော်ဝေကအဖွဲ့တစ်ခုကနေပြီးတော့ မြန်မာနိုင်ငံမှာလည်း ပင်လယ်တွေထဲကို စွန့်ပစ်အမှိုက်တွေ ရောက်မလာအောင်လို့ ဘယ်လိုဝန်ဆောင်မှုပေးနိုင်မလဲဆိုပြီး မျှော်လင့်ပြီး ရင်းနှီးမြှုပ်နှံမှုပြုလုပ်တာပါ” လို့ က RecyGlo ရဲ့ တည်ထောင်သူတစ်ဦးဖြစ်တဲ့ မရွှေယမင်းဦးက Duwun ကိုပြောပါတယ်။

ရင်းနှီးမြှုပ်နှံမှုကာလက တစ်နှစ်အတွက် ဖြစ်ပြီးတော့ မူရင်းလုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေထက် ပိုပြီးကောင်းမွန် စနစ်ကျတဲ့လုပ်ငန်းတွေအထိ ချဲ့ထွင်မယ်လို့လည်း သူက ပြောပါတယ်။

RecyGlo က ရုံး၊ ကျောင်းနဲ့ လုပ်ငန်းတွေကနေ ပြန်လည်အသုံးပြုလို့ရတဲ့ စွန့်ပစ်ပစ္စည်း( စက္ကူ၊ ပလတ်စတစ်။ အလူမီနီယမ် ဘူးခွံတွေကို ပြန်လည် ခွဲခြားပေးပြီးတော့ recycle လုပ်ဖို့အတွက် recycle bin ထောက်ပံ့မှု၊ စွန့်ပစ်ပစ္စည်းတွေကို recycle လုပ်တဲ့စက်ရုံတွေဆီ သယ်ပို့ပေးတဲ့ လုပ်ငန်းကို လုပ်ဆောင်နေတာဖြစ်ပြီးတော့ သတိပေးချက်တွေနဲ့ ဘယ်လို အကျိုးသက်ရောက်မှုရှိတယ်ဆိုတာကိုပါ ပညာပေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။

RecyGlo ဟာ ၂၀၁၇ ခုနှစ်အတွင်းဖန်တီးရာ accelerator အမှတ်စဉ် (၂) (၂၀၁၇-၂၀၁၈) ကနေ ထွက်ပေါ်လာတာဖြစ်ပြီးတော့ UNODC, World Bank , Uniteam Marine Building, Impact Hub, H&M, Parkside one building တို့ကနေ အသုံးပြုနေတာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က