ကရင်အမျိုးသားနေ့ နှစ်သစ်ကူးနေ့ အတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းပြောကြားလိုက်ပါတယ်။

ပြည်တွင်းပြည်စိန်ခေါ်မှုတွေအမျိုးမျိုးရင်ဆိုင်နေရတဲ့အချိန်မှာ တိုင်းရင်းသားအားလုံးရဲ့ တစ်ဦးချင်း အရည်အသွေး၊ စိတ်ဓာတ်တို့က များစွာအရေးကြီးကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ဇန်နဝါရီ ၆ ရက်မှာကျရောက်တဲ့ ၂၇၅၈ နှစ်မြောက် ကရင်အမျိုးသားနေ့ နှစ်သစ်ကူးနေ့ အတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းပြောကြားလိုက်ပါတယ်။

Photo- Myanmar State Counsellor Office

ဆယ်စုနှစ်ပေါင်းများစွာ ပြည်တွင်းစစ်ရဲ့ ဆိုးကျိုးတွေကို ပြင်းထန်စွာခံစားခဲ့ရတဲ့ ကရင်တိုင်းရင်းသားတွေဟာ ငြိမ်းချမ်းရေးကို မဖြစ်မနေ ရယူဖို့ လိုအပ်တာကို နားလည်ယုံကြည်ကြမှာဖြစ်တာကြောင့် ငြိမ်းချမ်းရေး၊အမျိုးသားပြန်လည်သင့်မြတ်ရေးတွေမှာ ဖြောင့်မတ်၊တည်ကြည်၊သတ္တိကြီးတဲ့ ကရင်တိုင်းရင်းသားတွေရဲ့ စွမ်းရည်ကို အထူးအလေးထားအားကိုပါတယ်လို့ ပြောကြားခဲ့ပါတယ်။

အခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့မှာ ကရင်တစ်မျိုးသားလုံး ပေါင်းစည်းခြင်း၊ပျော်ရွှင်ခြင်း၊စည်းလုံးခြင်းအနာဂတ်အတွက် ကောင်းမွန်တဲ့မျှော်လင့်ခြင်းတွေနဲ့ ပြည့်စုံပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါကြောင်း၊ နောက်နှစ်ပေါင်းများစွာ မျိုးဆက်တွေ စိတ်ချမ်းသာ၊ကိုယ်လုံခြုံစွာနဲ့ ဘိုးဘွားတွေချမှတ်ခဲ့တဲ့ မွမန်မြတ်တဲ့ အစဉ်အလာတွေကို ဆက်လက်ထိန်းသိမ်းနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းအပ်တဲ့အကြောင်း သဝဏ်လွှာမှာ ထည့်သွင်းပြောကြားခဲ့တာလည်းဖြစ်ပါတယ်။



က္က