ခရီးသွားတွေအများကြီးဝင်ရောက်လာနိုင်ပါတယ်။
ထိုင်းနိုင်ငံရဲ့ အထင်ကရလေကြောင်းလိုင်းဖြစ်တဲ့ Bangkok Airways က မြန်မာနိုင်ငံ ပုဂံဒေသကို တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲဖို့ စိတ်ဝင်စားနေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

Photo - worldnomads.com



Bangkok Airways အရောင်းဌာနရဲ့ ဥက္ကဌဖြစ်သူ Mr. Varong Israsena က သူ့အနေနဲ့ ဘန်ကောက်မြို့နဲ့ ပုဂံမြို့ကို တိုက်ရိုက်လေကြောင်းလိုင်းပြေးဆွဲဖို့ ဆန္ဒရှိနေပြီး ဟဲဟိုးနဲ့ မြိတ်ဒေသတွေကိုလည်း အဲ့ဒီလမ်းကြောင်းထဲမှာ ထည့်သွင်းလိုတယ်လို့ မီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။

လက်ရှိအချိန်မှာ Bangkok Airways အနေနဲ့ ချင်းမိုင်နဲ့ မန္တလေး၊ ချင်းမိုင်နဲ့ ရန်ကုန်တို့ကြား တိုက်ရိုက်လေယာဉ်ပြေးဆွဲမှုရှိနေပြီး ထိုင်နိုင်ငံရဲ့ ခရီးသွားတွေ စိတ်ဝင်စားတဲ့ မြို့ဖြစ်တဲ့ ပုဂံကိုလည်း ချင်းမိုင်မြို့ကနေ တိုက်ရိုက်လေယာဉ်ပြေးဆွဲလိုနေတာ ဖြစ်ပါတယ်။

Photo - visitthailand

အဇာဘိုင်ဂျန်နိုင်ငံမှာ ဇွန်လ ၃၀ ရက်နေ့ကနေ ဇူလိုင်လ ၁၀ ရက်နေ့အထိ ကျင်းပနေတဲ့ ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (UNESCO)ရဲ့ (၄၃) ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီ အစည်းအဝေးရဲ့ ၇ ရက်မြောက်နေ့မှာ ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်အဖြစ်သတ်မှတ်လိုက်ပါတယ်။

ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်လိုက်တာကြောင့် ကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှုဟာ ပုဂံဒေသမှာ လာမယ့် နှစ်တွေအတွင်း ပိုမိုများပြားလာနိုင်ပြီး တိုက်ရိုက်လေကြောင်းလိုင်းတွေနဲ့ ခရီးသွားလုပ်ငန်းတွေ အရှိန်အဟုန်မြင့်လာမယ်လို့ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေကေ သုံးသပ်ကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က