ပြီးခဲ့တဲ့ ရက်ပိုင်းက ပုဂံကဘုရား(၁၂)ဆူမှာ ဌာပနာဖောက်ထွင်းခံခဲ့ရပါတယ်။

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဒေသဖြစ်တဲ့ ပုဂံက ဘုရား အချို့ ဖောက်ထွင်းခံခဲ့ရပြီးနောက် ဘုရားတွေမှာ CCTV တွေ တပ်ဆင်ဖို့ ယဉ်ကျေးမှုဝန်ကြီးဌာနက စီစဉ်နေပါတယ်။

ပုဂံဘုရားတွေနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ်က ဟွာဝေးကုမ္ပဏီကနေ ဆာဗေးပြုလုပ်ထားတာရှိကြောင်း၊CCTV တပ်ဆင်ဖို့အတွင် ယင်းဆာဗေးပြုလုပ်ထားမှုဟာ မြေပြင်အခြေအနေနှင့်ကိုက်ညီမှုရှိမရှိကို ထပ်ပြီး ဆာဗေးပြုလုပ်ရမှာဖြစ်တာကြောင့် ၂၀၂၀ ထဲမှာ အကောင်ထည်ဖော်နိုင်ခြင်း ရှိမရှိကိုတော့ အတိကျ ပြောဆိုမရသေးဘူးလို့ သိရပါတယ်။



"CCTV တပ်တဲ့အခါ နံရံဆေးရေးပန်းချီရှိတဲ့ဘုရားတွေ၊ တကယ့်ယဉ်ကျေးမှုအနုပညာမြောက်တဲ့ဘုရားတွေ၊အင်္ဂတေပန်းကောင်းတဲ့ဘုရားတွေ စသဖြင့် ပထမဦးစားအနေနဲ့ အရေးကြီးပြီးအရေးပါတဲ့ဘုရားတွေကို စတင်ဖို့စဉ်းစားထားတယ်။လက်ရှိမှာဆွေးနွး မှုတွေပြုလုပ်နေတုန်းဖြစ်ပါတယ်။ဘယ်လိုပုံစံတပ်မလဲ စတာတွေကိုလည်း သေချာမပြောနိုင်သေးဘူး၊ သူတို့ ဆာဗေးတွေ့ရှိမှုအပေါ်မှာမူတည်ပြီးတော့လုပ်ရမှာဖြစ်တယ်"လို့ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ၊ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးသန်းထိုက်ကပြောပါတယ်။

photo- MORAC

ဂေါပကအဖွဲ့မရှိတဲ့ ပုဂံက ဘုရား ၁၂ ခုမှာ ပြီးခဲ့တဲ့ရက်က ဌာပနာဖောက်ခံခဲ့ရတဲ့အပြင် လောကထိပ်ပန် ဘုရားအဝင်မုခ်ဦးအတွင်း သံပန်း တံခါးမှာ တပ်ဆင် ထားတဲ့ ဝါးယင်းလိပ်ကိုလည်း မသမာသူတစ်ချို့က ထင်းရှူးဆီ အသုံးပြု မီးရှို့ဖျက်ဆီးမှု ဖြစ်ပွားခဲ့တာကြောင့် CCTV တပ်ဆင်ပြီး ဘုရားတွေစောင့်ကြည့်မှာဖြစ်ပါတယ်။

"ဆာဗေးကအရင်လုပ်ထားတဲ့အကြမ်းပဲရှိသေးတယ်။အသေးစိတ် မြေပြင်မှာလိုအပ်ချက်တွေထပ်ဆင်းပေါ့၊ လုပ်တဲ့အခါ impact ဖြစ်မှာလည်းဆိုးတယ် မီးတိုင်တွေ ဖုန်းတိုင်တွေ စသဖြင့်ပေါ့ cctv ကို ပါဝါလိုင်းရဖို့ ၊သူက မီးသုံးမှာဆိုတော့မြင်ကွင်းကိုမထိခိုက်အောင် ကလည်း လုပ်ဖို့ရှိတယ်။"လို့ ဦးသန်းထိုက်က ထပ်မံပြောပါတယ်။

ဒီဖြစ်ရပ်တွေဟာ ပုဂံ ဒေသ အတွင်း မပြီးစီးသေးဘဲ ရေးဆွဲနေတဲ့ မဟာဗျူဟာတွေ အတွက်အနှောင့်အယှက် ဖြစ်ပေါ်ရုံသာမက ယဉ်ကျေးမှုအမွေအနှစ်တွေကိုပါ ထိခိုက် လာနိုင်သလို နှစ်စဉ် ဇွန်၊ ဇူလိုင်လမှာ ပြုလုပ်နေကျဖြစ်တဲ့ ကမ္ဘာ့အမွေအနှစ် ညီလာခံမှာ ပုဂံဒေသယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းကာကွယ်မှုနှင့် လုံခြုံရေး ကိစ္စများနှင့် ပတ်သက်ပြီး ဆွေးနွေးလာနိုင်သည်အထိ သက်ရောက်မှုရှိလာနိုင်တယ်လို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုကလည်းပြောဆိုထားပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့အင်အား တိုးချဲ့ကင်းလှည့်ခြင်း၊ ဒေသခံများနှင့် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက် ဦးစီးဌာနရဲ့ လုံခြုံရေးအင်အားတွေပူးပေါင်းစစ်ဆေးခြင်း၊ ကင်းလှည့်ခြင်းတွေကို တိုးမြှင့်ဆောင်ရွက်နေတယ်လို့သိရပါတယ်။ လက်ရှိပုဂံတွင် ဂေါပကရှိတဲ့ဘုရား ၁၇ ဆူရှိမှာတော့ သက်ဆိုင်ရာ ဂေါပကအဖွဲ့တွေက CCTV တွေတပ်ဆင်ထားမှုရှိပြီး ပုဂံမှာ ဘုရားစေတီ ပေါင်း ၃၈၂၂ ဆူရှိပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့ထားသည့် သတင်းဖြစ်ပါသည်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က