စက်တင်ဘာလ ၁၈ ရက်နေ့မှာ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီးကလည်းသဘောတူခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။
Ye Yint Htay

ပုဂ္ဂလိကဆေးရုံတွေမှာ ကိုဗစ်လူနာတွေကို လက်ခံကုသဖို့ မူအားဖြင့်သဘောတူလိုက်ပြီ ဖြစ်တယ်လို့ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကသိရပါတယ်။

ဒါပေမယ့် ကိုဗစ်လူနာတွေကိုပြုစုကုသမှုပေးတဲ့အခါ ရောဂါကူးစက်မှုမရှိစေဖို့အပါအဝင် Standard Guidelineတွေရေးဆွဲဖို့ စတဲ့ အသေးစိတ်ဆွေးနွေးမှုတွေကို တော့ထပ်မံလုပ်ဆောင်ရဦးမှာဖြစ်တယ်လို့ သိရပါတယ်။

"မူအားဖြင့်သဘောတူပြီဖြစ်လို့ အသေးစိတ်ထပ်ညှိနိူင်းရမှာဖြစ်ပါတယ်။အသေးစိတ်ညှိနိူင်းရမယ်ဆိုတာ လူနာတွေကို ကုသတဲ့အခါ လူနာကို ဘယ်လိုပုံစံ နဲ့သယ်ဆောင်ရမလဲ၊ ကုသမှုပေးတဲ့အခါ လူနာရဲ့ ကွန်တက်ကိစ္စတွေကိုဘယ်လို ဆောင်ရွက်မလဲ ၊ဘယ်လိုလူနာတွေကိုပုဂ္ဂလိကဆေးရုံမှာ ကုသခွင့်ပြုမလဲ၊ ဆိုပါတော့ Positive ဖြစ်တယ်။ သူကပုဂ္ဂလိကဆေးရုံတက်ချင်တယ် ရောဂါအခြေအနေကလည်း မဆိုးဘူးဆိုရင် လက်ခံကုသပေးဖို့ ဒါမျိုးတွေကိုရှိနိုင်တယ် ဒါနမူနာပြောတာပါ အသေးစိတ်တော့ ညှိနိူင်းရအုံးမှာဖြစ်ပါတယ်။"လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ၊ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှ ဒေါက်တာခင်ခင်ကြီး ကပြောပါတယ်။

လက်ရှိရန်ကုန်မြို့မှာကိုဗစ်လူနာတွေကိုဖောင်ကြီး ကိုဗစ်ကုသရေးစင်တာ၊ လိူင်တက္ကသိုလ် ၊ ဒဂုံဆိပ်ကမ်း၊ ဝေဘာဂီ၊ တောင်ဥက္ကလာ ဆေးရုံ၊ သုဝဏ္ဏယာယီဆေးရုံတွေတည်ဆောက်ပြီး ဆေးကုသမှုပေးနေပေမယ့် ကိုဗစ်ပြည်တွင်းကူးစက်မှုဟာတစ်နေ့ထက်တစ်နေ့ မြင့်တက်လာတာကြောင့် ဆေးရုံတက်ရမယ့်လူနာတွေထပ်တိုးလာနိုင်တယ်လို့ သိရပါတယ်။

ဒါကြောင့် ပုဂ္ဂလိကဆေးရုံတွေကနေ  ကိုဗစ်အတည်ပြုလူနာတွေကို လက်ခံကုသခွင့်ပြုဖို့ ဆေးရုံတွေဘက်က တင်ပြခဲ့ရာ စက်တင်ဘာလ ၁၈ ရက်နေ့မှာ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီးကလည်းသဘောတူခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

"ပုဂ္ဂလိက ဆေးရုံတက်မယ်ဆိုရင်တော့လူနာဘက်ကကုန်ကျခံရမယ့်ကိစ္စတွေရှိလာမှာဖြစ်ပါတယ်။အလကားတော့ကုသပေးမှာမဟုတ်ပါဘူး သူတို့မှာလည်းဝန်ထမ်းစရိတ် အခြားကုန်ကျစရိတ်တွေရှိတယ် နမူနာပြောရရင် ကွာရန်တင်းလို FQ ဝင်မလား မိမိဘာသာ Hotel Qဝင်မလားပေါ့ HQ ဝင်ရင်တော့ဟိုတယ်ကသတ်မှတ်ထားတဲ့ charges ကိုပေးရမှာဖြစ်ပါတယ်"လို့ ဒေါက်တာခင်ခင်ကြီး ကထပ်မံပြောပါတယ်။လက်ရှိ မြန်မာနိုင်ငံ မှာကိုဗစ်အတည်ပြုလူနာပေါင်း ၄၆၂၁ ဦး အထိရှိလာနေပြီး သေဆုံးတဲ့လူနကတော့ ၈၁ ဦးရှိတယ်လို့ သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က