ဂျာမနီနိုင်ငံ Colonge Institute of Conversation Science က ပူးပေါင်းဆောင်ရွက်မယ့် အစီအစဉ်အရ ဖြစ်ပါတယ်။

ပုဂံက နန်းဘုရားကို ဂျာမနီနိုင်ငံမှ ပညာရှင်တွေနဲ့ ပြုပြင်ထိန်းသိမ်းမှုတွေ ပြုလုပ်သွားမယ်လို့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲကနေ သိရပါတယ်

photo -Bagan Arch



ဂျာမနီနိုင်ငံ Colonge Institute of Conversation Science က ပူးပေါင်းဆောင်ရွက်မယ့် အစီအစဉ်အရ နန်းဘုရား ပျက်စီးမှုအခြေအနေကို ပြန်လည်ဆန်းစစ်တာ၊ အဆောက်အအုံထိန်းသိမ်းတာတွေဆောင်ရွက်ဖို့ ဂျာမနီနိုင်ငံမှ ပညာရှင်အဖွဲ့က အကြိုဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ပညာရှင်တွေက ယခုခရီးစဉ်မှာ ပျက်စီးမှူအခြေအနေတွေဆန်းစစ်တာ၊ အဆောက်အအုံက မူလကျောက်ရေတံလျှောက်မှာ အက်ကြောင်းတွေပေါ်တာနဲ့ ပြုတ်ကျတဲ့အခါ ခရီးသွားတွေအန္တရာယ်ရှိတာကြောင့် စဉ့်ရေတံလျှောက်ကို ပြန်လည်တပ်ဆင်တာ၊ အဆောက်အအုံမှာ ဆားပွင့်တက်နေတဲ့ ကျောက်တွေကိုလေ့လာပြီးတော့ ထိန်းသိမ်းသွားမယ်လို့ ဆွေးနွေးခဲ့ပါတယ်။

သဲကျောက်တွေကို စက်အသုံးပြုပြီး စမ်းသပ်လေ့လာဖို့အတွက် စက်တည်ရှိရာနေရာတွေကို လေ့လာခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ဘုရားပြုပြင်ခြင်းကို ထိန်းသိမ်းရေးဌာနမှ အင်ဂျင်နီယာတွေနဲ့ နံရံပန်းချီဌာနစိတ်က ဓာတုထိန်းသိမ်းရေးဝန်ထမ်းတွေပေါင်းပြီး မတ်လ ၈ ရက်ကနေ ၃၀ရက်နေ့အထိ ပြုပြင်မှုတွေလုပ်ဆောင်မယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က