ဧပြီလ ၁ ရက်စတင်ပြီး ပြောင်းလဲကောက်ခံနေတာပါ။
Mi Thawdar Aung

ပုဂံရှေးဟောင်းယဉ်ကျေးမှု ဇုန်နယ်မြေအတွင်း ရုပ်ရှင်၊ ဗီဒီယိုရိုက်ကူးခ တစ်ရက်ကို တစ်သိန်း ကောက်ခံသွားမယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲကနေ အသိပေးထုတ်ပြန်လိုက်ပါတယ်။

Photo- Tripsavvy

ဧပြီလ ၁ ရက်မှစတင်ကာ ပြောင်းလဲပြင်ဆင် ကောက်ခံနေတာဖြစ်ပြီး Still ကင်မရာနဲ့ စီးပွားဖြစ် ဓာတ်ပုံရိုက်ကူးပါက တစ်ရက်ကို ကျပ်သုံးသောင်းပေးဆောင်ရမှာ ဖြစ်သလို နိုင်ငံခြားသားတွေအနေနဲ့ အဆိုပါ ငွေနဲ့ ညီမျှတဲ့ နိုင်ငံခြားငွေကို ပေးဆောင်ရမယ်လို့ ဆိုပါတယ်။

နေ့အချိန် ရိုက်ကူးရေးအတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ပုဂံဌာနခွဲ လုံခြုံရေးဌာနစိတ်မှ လုံခြုံရေးကြီးကြပ်လိုက်ပါ ဆောင်ရွက်ခြင်းမပြုဘဲ ညဘက်ရိုက်ကူးရေးမှာတော့ ဌာနကနေ လိုက်ပါတဲ့ ဝန်ထမ်း ၂ ဦးအတွက် တစ်ရက်လျှင် ကျပ်တစ်သောင်း ပေးဆောင်ရမှာဖြစ်ပြီး ပုဂံဌာနခွဲကို ရိုက်ကူးခပေးသွင်းပြီးမှ ရိုက်ကူးမှု စတင်ရမယ်လို့ သိရပါတယ်။

Photo- wikipedia

ရိုက်ကူးရေးအဖွဲ့ တာဝန်ခံအနေနဲ့ ရိုက်ကူးမည့်နေရာ၊ အကြောင်းအရာတို့ကို ပြည့်စုံစွာတင်ပြရမှာဖြစ်ပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ သတ်မှတ်ထားသော စည်းကမ်းတွေကို လိုက်နာမည်ဆိုတဲ့ ဝန်ခံကတိကို ရိုက်ကူးရေး မစတင်မီ တာဝန်ရှိပုဂ္ဂိုလ်က လက်မှတ်ရေးထိုးရမယ်လို့ ဆိုပါတယ်။

ုဂံယဉ်ကျေးမှုနယ်မြေအတွင်း ရိုက်ကူးရာမှာ ဂေါပကဖွဲ့စည်းထားတဲ့ ဘုရားတွေမှာ ဂေါပကအဖွဲ့အစည်းများ၊ တာဝန်ရှိသူတွေထံ သတင်းပို့ပြီးမှ ရိုက်ကူးမှု ဆောင်ရွက်နိုင်မှာဖြစ်ပြီး ရုပ်ရှင်နှင့် ဗီဒီယိုရိုက်ကူးမှုတွေအတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ရုံးချုပ်)နေပြည်တော်ရဲ့ ခွင့်ပြုချက်ရရှိမှသာ ရိုက်ကူးခွင့်ပြုမယ်လို့ သိရပါတယ်။

ွင့်ပြုချက်မရှိဘဲ နံရံဆေးရေးပန်းချီများ၊ ပြတိုက်၊ ပြခန်းတွေကို ရိုက်ကူးခွင့်ပြုမှု မဟုတ်သလို စေတီ၊ ပုထိုးများနှင့် ရှေးဟောင်းအဆောက်အအုံတွေကို ပျက်စီးမှု၊ ဖျက်ဆီးမှုမဖြစ်စေရန် ရိုက်ကူးရမှာဖြစ်ပြီး ပျက်စီးပါက ပြင်ဆင်ကုန်ကျမှု တန်ဖိုးအတိုင်းပေးလျာ်ရမှာလည်း ဖြစ်ပါတယ်။

ရိုက်ကူးသည့်စေတီ၊ ပုထိုးများနှင့် ရှေးဟောင်းအဆောက်အအုံများ အတွင်း/အပြင်တွင် ကွမ်းတံတွေး၊ ဆေးလိပ်တို၊ ဆေးလိပ်ပြာ၊ ဘီယာ၊ အချိုရည်ပုလင်းဘူးခွံများ၊ အမှိုက်များ ကင်းစင်ပြီး သန့်ရှင်းစွာဖြစ်စေရေး၊ ပြည်တွင်း/ပြည်ပဧည့်သည်များ အနှောင့်အယှက်ဖြစ်စေသည့် လမ်းပိတ်ရိုက်ကူးခြင်း၊ သွားလမ်း၊ လာလမ်းများ ပိတ်ဆို့ရိုက်ကူးခြင်း မပြုရေးတို့ ရိုက်ကူးရေးအဖွဲ့မှ တာဝန်ယူရမယ်လို့လည်း သိရပါတယ်။

ရိုက်ကူးရာမှာ ဘုရားများအနီးနှင့် ဘုရားများပေါ်တွင် အဂါရဝဖြစ်စေတဲ့ ဝတ်စုံဖြင့် ရိုက်ကူးခွင့်မပြုသလို မြန်မာ့ယဉ်ကျေးမှု၊ ဘာသာရေးနှင့် ဓလေ့ထုံးတမ်းတို့ကို ထိခိုက်စေသော အပြုအမူများ၊ ဝတ်စားဆင်ယင်မှုများ၊ လှုပ်ရှားမှုနှင့် သီဆိုမှု၊ ကခုန်မှုများ မပြုလုပ်ရဘူးလို့ သတ်မှတ်ထားပါတယ်။

ရိုက်ကူးရေးမှာ ခွင့်ပြုထားတဲ့ ဇာတ်လမ်းနဲ့ ရိုက်ကူးရမည့်နေရာတွေအတွက်သာ ဖြစ်ရပြီး အခြားမသက်ဆိုင်တဲ့ ကြားဖြတ်ကြော်ငြာများ၊ ဇာတ်လမ်းများ၊ အခြား လုပ်ငန်းများအတွက် ပတ်သက်မှုမရှိစေရဘဲ ထိုသို့လုပ်ဆောင်ကြောင်း သိရှိရပါက မူလရိုက်ကူးခ ကောက်ခံနှုန်းရဲ့ နှစ်ဆကို ဒဏ်ငွေအဖြစ် ပေးရမယ်လို့ ဆိုပါတယ်။

ရိုက်ကူးရေးအဖွဲ့တွေအနေနဲ့ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာရမှာဖြစ်ပြီး မလိုက်နာပါက တည်ဆဲဥပေဒနဲ့ အညီ အရေးယူခံရမှာ ဖြစ်သလို ဇာတ်လမ်း၊ ကြော်ငြာကိုလည်း ပိတ်ပင်တားမြစ်ခံရမယ်လို့ ပုဂံဌာနခွဲက ထုတ်ပြန်ကြေညာထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က