ကျန်တဲ့ဘုရား ၂၀ ဆူကိုလည်း ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားတာပါ။

ပုဂံ၊မြောက်ဦး၊စစ်ကိုင်းက ယဉ်ကျေးမှုအမွေအနှစ်ဒေသတွေမှာ ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့တဲ့ ဘုရားတွေကို ဦးစားပေးအဆင့်တွေသတ်မှတ်ပြီးတော့ ပြုပြင်မှုတွေလုပ်ခဲ့ရာမှာ ဘုရားအဆူပေါင်း ၃၃၅ ဆူအထိ ပြုပြင်ထိန်းသိမ်းရေးပြုလုပ်ပြီးပြီဖြစ်တယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

\

ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့သည့် ပုဂံဘုရားတစ်ဆူအားတွေ့ရစဉ် (photo -news artnet )



ငလျင်ဒဏ်ကြောင့် ဘုရားအဆူပေါင်း ၃၈၉ ဆူပျက်စီးခဲ့ပြီးတော့ ပထမဦးစားပေးပြုပြင်ထိန်းသိမ်းဖို့ ၃၆ ဆူ၊ဒုတိယဦးစားပေး ၅၃ ဆူနဲ့ ပျက်စီးမှုအနည်းငယ်သာရှိတဲ့ တတိယဦးစားပေး ပြုပြင်ရမယ့် အဆူ ၃၀၀ လို့ကကနဦးခွဲခြားသတ်မှတ်ပြီး ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။

နိုင်ငံတကာပညာရှင်၊ပြည်တွင်းပညာရှင် တွေရဲ့ ဆွေးနွေးမှုအရ ပ၊ဒု၊တ ဦးစားပေး အဆူ ၃၀၀ ထဲက ၇၆ ဆူကို ပညာရှင်တွေဖိတ်ခေါ်ပြီးတော့ ဌာနကတိုက်ရိုက်ကြီးကြပ်ပြိး ပြုပြင်ထိန်းသိမ်းခဲ့ပြီး တော့ တတိယဦးစားပေးက ကျန် ၂၂၄ ဆူကို တော့ အလှုရှင်တွေနဲ့ ပြုပြင်ခဲ့တယ်လို့ သိရပါတယ်။

ငလျင်ဒဏ်ခံရှေးဟောင်းအဆောက်အအုံတွေပြုပြင်ရာမှာ ရှေးမူမပျက်ထိန်းသိမ်းဖို့ ချမှတ်ထားတဲ့မူအတိုင်း ဆက်လက်ဆောင်ရွက်မှာဖြစ်ပြီးတော့ ဖေဖော်ဝါရီ ၁၅ ရက်နေ့အထိ အနည်းငယ်ပျက်စီးခဲ့တဲ့ ဘုရားအဆူပေါင်း ၂၂၄ ဆူနဲ့ ရှေးမူမပျက်ထိန်းသိမ်းထားတဲ့ ဘုရား ၁၁၁ ဆူ စုစုပေါင်း ၃၃၅ ဆူကို လုပ်ငန်းဆောင်ရွက်ထားတယ်လို့ ထုတ်ပြန်ထားတာပါ။

ကျန်တဲ့ဘုရား ၂၀ ဆူကိုလည်း ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားတာပါ။ ပြုပြင်မှုကို ဆောင်ရွက်ရာမှာတော့ UNESCO ၊နိုင်ငံတကာပညာရှင်တွေ၊ပြည်တွင်းပညာရှင်တွေရဲ့ အကြံပြုချက်တွေနဲ့ ငလျင်ပြန်လည်ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းဆောင်ရွက်ခဲ့တဲ့ နည်းပညာဖိုရမ်တွေက ဆွေးနွေးချက်တွေအရ ပြုပြင်ထားတယ်လို့ သိရပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က