ကြားကားတွေဟာ YRTA ကိုစိန်ခေါ်သလိုဖြစ်နေ။

ရန်ကုန်မြို့တွင်း ညပိုင်းပြေးဆွဲနေတဲ့ ကြားကားတွေနဲ့ပတ်သက်ပြီး ဥပဒေနဲ့အညီ ထိန်းကျောင်းအရေးယူသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောလိုက်ပါတယ်။




ရန်ကုန်မြို့ Sky Star ဟိုတယ်မှာ ဇန်နဝါရီလ ၁၆ ရက်နေ့ကပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA) ၂ နှစ်ပြည့်ပွဲမှာ သတင်းထောက်တွေရဲ့မေးမြန်းချက်ကို ဝန်ကြီးချုပ်က ပြန်လည် ဖြေကြားခဲ့တာဖြစ်ပါတယ်။

"ကြားကားဟာ တရားမဝင်လုပ်ငန်းဖြစ်တဲ့အတွက် အဆင်ပြေအောင်ဆောင်ရွက်ဖို့ဆိုတာ ဖြစ်ကိုမဖြစ်နိုင်ပါဘူး။ တရားဝင်လုပ်ငန်းတွေကိုပဲ အဆင်ပြေအောင်ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။"လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

ရန်ကုန်မှာဆိုရင် လက်ရှိမှာ Omini Focus အနေနဲ့ ၂၄ နာရီပြေးဆွဲမှုတွေပြုလုပ်နေပြီး အဲ့ဒီယာဉ်လိုင်းတွေဟာ ကြားကားတွေရဲ့ ခြိမ်းခြောက်မှုနဲ့နှောက်ယှက်မှုကို ခံနေရတယ်လို့ Omini Focus ရဲ့ ဥက္ကဌ ဦးကျော်နေဝင်းက Duwun ကိုပြောပါတယ်။



"ရန်ကုန်မှာ ကြားကားရှိနေသရွှေ့ YRTA ကို သူတို့အနေနဲ့ ကောင်းကောင်းကြီးစိန်ခေါ်နေတာပဲ။ အကိုတို့ကားတွေ အန္တရာယ်ပြုခံရတာ တစ်ပိုင်းပေါ့လေ။ ဒါပေမယ့် YRTA က မလုပ်နိုင်တဲ့ အတွက် မလုပ်နိုင်တဲ့သူတွေမှာ တာဝန်ရှိပါတယ်။"လို့ ဦးကျော်နေဝင်းက ရှင်းပြပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က