လက်ရှိအတည်ပြုလူနာ ၂၈ ဦးထဲမှာတော့ အနံ့ပျောက်တဲ့ လက္ခာဖြစ်နေသူ ၉၀ ရာခိုင်နှုန်း ရှိပြီး ဖျားနာမှုကတော့ အနည်းငယ်သာရှိတယ်လို့လည်း သိရပါတယ်။

ပုသိမ်ဆေးရုံကြီးမှာထားရှိဖို့ သတ်မှတ်ထားတဲ့ ကိုဗစ်အတည်ပြုလူနာ ပြည့်တော့မှာဖြစ်တဲ့အတွက် တိုင်းရင်းဆေးရုံကြီးမှာ ထပ်တိုးလူနာတွေထားရှိဖို့ စီစဉ်ထားတယ်လို့ ပုသိမ်အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်က ပြောပါတယ်။

ကိုဗစ်အတည်ပြုလူနာတွေကို မနက်ဖြန် စက်တင်ဘာလ၁၉ ရက်နေ့ကစပြီးတိုင်းရင်းဆေးရုံကြီးမှာစတင်လက်ခံနိုင်ပြီဖြစ်တယ်လို့ သိရပြီး လူနာအရေအတွက် ၁၀၀ အထိ ထားရှိကုသမှာဖြစ်တယ်လို့ သိရပါတယ်။ "ခုလောလောဆယ် တိုင်းရင်းဆေးရုံကို ကိုဗစ်လူနာတွေထားဖို့ လူနာ၁၀၀ပေါ့။ အဲ့ဒါ ပြင်နေတာ ခုအဆင်သင့်ဖြစ်ပါပြီ။ စထားလို့ရပါပြီ။ပုသိမ်ဆေးရုံနဲ့ ဒီဆေးရုံမှာထားမယ့်လူနာတွေကို ခွဲခြားမယ်၊ ကိုဗစ်လူနာတိုင်းမှာ ဆေးထိုးဖို့မလိုတဲ့ ရိုးရိုးသောက်ဆေးလောက်နဲ့တင်ရတဲ့လူနာတွေကို တိုင်းရင်းဆေးရုံမှာထားမှာဖြစ်တယ်။ နောက်ဆေးထိုးဖို့လိုတဲ့သူ အန္တရာယ်ရှိတဲ့သူအကုန်လုံးကို ဆီးချို သွေးတိုးတို့ ရောဂါလူနာအခံတွေလည်း ပုသိမ်ဆေးရုံကြီးမှာထားပါမယ်။"လို့ ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က ပြောပါတယ်။



Photo Than Min Htut

လက်ရှိမှာတော့ ပုသိမ်က ကိုဗစ်အတည်ပြုလူနာတွေ ကို ပုသိမ်ဆေးရုံကြီးမှာ ဆေးကုသမှုပေးနေပြီး အတည်ပြုလူနာအရေအတွက်ကတော့ ဒီနေ့ စက်တင်ဘာလ ၁၈ ရက်နေ့မနက်ခင်းအထိစာရင်းအရ လူနာ ၂၈ ဦးအထိရှိတယ်လို့သိရပါတယ်။ "အခုလောလောဆယ်တော့ ရှိပြီးသား လူနာတွေကို တိုင်းရင်းဆေးရုံကို မရွှေ့ပါဘူး။ ထပ်တိုးလာတဲ့သူတွေကို တိုင်းရင်းဆေးရုံ ပို့မှာဖြစ်ပါတယ်။တော်တော်များများ သောလူနာတွေကတော့အနံ့ပျောက်တဲ့လက္ခဏာဖြစ်နေကြပါတယ်"လို့ ဒေါက်တာသန်းမင်းထွဋ်က ပြောပါတယ်။

ပုသိမ်ဆေးရုံမှာ ကိုဗစ်အတည်ပြုလူနာ ၃၂ ယောက်အထိ ထားရှိကုသဖို့ စီစဉ်ထားကြောင်း၊ လက်ရှိအခြေအနေအရ သတ်မှတ် အတည်ပြု လူနာပြည့်ဖို့ နီးကပ်လာတာကြောင့် တိုင်းရင်းဆေးရုံကိုလူနာထားဖို့စီစဉ်နေခြင်းဖြစ်တယ်လို့် သိရပါတယ်။ လက်ရှိအတည်ပြုလူနာ ၂၈ ဦးထဲမှာတော့ အနံ့ပျောက်တဲ့ လက္ခာဖြစ်နေသူ ၉၀ ရာခိုင်နှုန်း ရှိပြီး ဖျားနာမှုကတော့ အနည်းငယ်သာရှိတယ်လို့လည်း သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က