ရဲတပ်ဖွဲ့ဝင်တစ်ယောက်ချင်းဆီကို စစ်ဆေးမှုတွေဆောင်ရွက်နေပါတယ်။

လက်ရှိမှာ မြို့နယ်မှူးအလောင်းကို ဆေးရုံကိုပို့ဆောင်ထားပြီး အမှုနဲ့ပက်သက်လို့ တာဝန်ရှိသူတွေက တရားဝင်ဖြေကြားခြင်းမရှိသေးတာကြောင့် မီဒီယာတွေအနေနဲ့ကလည်း စောင့်ဆိုင်းနေကြပါတယ်။

ပုသိမ်ကြီးမြို့မရဲစခန်းရှေ့မှာ စောင့်ဆိုင်းနေသောမီဒီယာများ



ယနေ့ ဇွန်လ ၁၂ ရက်နေ့ နံနက်က မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်၊ မြို့နယ်မှူးနေအိမ်လိုင်းခန်းမှာ ရဲတပ်ဖွဲ့မှူးတစ်ဦး သေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရှိရပါတယ်။

ယနေ့ ဇွန်လ(၁၂)ရက်နေ့ နံနက်(၈)နာရီဝန်းကျင်ခန့်က တပ်ဖွဲ့ဝင်များမှ မြို့နယ်မှူးလက်မှတ်ရေးထိုးရန်အတွက် မြို့နယ်မှူးနေအိမ်လိုင်းခန်းကို သွားရောက်ပြီး ခေါ်ဆိုရာမှာ ပြန်လည်ထူးသံမကြားရတာကြောင့် နေအိမ်အတွင်းဝင်ရောက်ကြည့်ရှုခဲ့ရာမှာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးညွန့်သန်းဟာ သေနတ် ဒဏ်ရာနဲ့ သေဆုံးနေကြောင်းနဲ့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ ဒုရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကိုလွင်နဲ့ တပ်ဖွဲ့ဝင်များမှ သေဆုံးရတဲ့အကြောင်းရင်းကို စစ်ဆေးလျှက်ရှိကြောင်း Duwun ရဲ့သတင်းရင်းမြစ်တစ်ခုမှ သိရှိရပါတယ်။

ရဲမှူးမှာ နေအိမ်အိပ်ခန်းအတွင်းရှိ ခုတင်ခြေရင်းတွင် ဦးခေါင်း သွေးထွက်ဒဏ်ရာဖြင့် လဲကျသေဆုံးနေတာဖြစ်ပြီး ယာလက်ထဲတွင် သေနတ်ကိုင်ထားကြောင်းလည်း တွေ့ရှိရတယ်လို့ သိရပါတယ်။ ရဲမှူး မျိုးညွန့်သန်းဟာ သေနတ်အား ပါးစပ်မှတေ့ပြီး ပစ်ခတ်ခဲ့သဖြင့် ဦးခေါင်းနောက်စေ့ပေါက်ထွက်ဒဏ်ရာရရှိသေဆုံးခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရကြောင်းလည်း သိရပါတယ်။


ုသိမ်ကြီးမြို့မရဲစခန်းရှေ့မှာ စောင့်ဆိုင်းနေသောမီဒီယာများ


ဒီအမှုနဲ့ ပက်သက်ပြီး လက်ရှိမှာ တာဝန်ရှိသူများက တရားဝင်ဖြေကြားပေးခြင်းမရှိသေးသည့်အတွက် မီဒီယာများက ပုသိမ်ကြီးမြို့မရဲစခန်းရှေ့မှာ စောင့်ဆိုင်းလျက် ရှိပါတယ်။

သေဆုံးသွားတဲ့ မြို့နယ်မှူးရဲ့အလောင်းကို ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ ရဲမှူး မျိုးညွန့်သန်းရဲ့မိသားစုက ရွှေတောင်မြို့မှာ နေထိုင်နေတာဖြစ်ပြီး ၁၆ နှစ်အရွယ် သမီးတစ်ဦးနဲ့ ၁၁ နှစ်အရွယ် သားတစ်ဦး ရှိကြောင်းနဲ့ ရဲမှူးသေဆုံးမှုအား ဇနီးဖြစ်သူကို ဆက်သွယ်အကြောင်းကြားထားသဖြင့် ရွှေတောင်မှ ထွက်ခွာလာပြီဖြစ်ကြောင်း နောက်ဆုံးရသတင်းအချက်အလက်များအရ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က