မွေးနေ့ပွဲမှာပြောခဲ့တာပါ။
ပို့သတဲ့ မေတ္တာတွေကို အနည်းလေးမှ မကျန်ပဲ ခံစားရတယ်လို့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည့်က ဒီနေ့ ကျရောက်တဲ့ ၇၄ နှစ်ပြည့်မွေးနေ့ပွဲမှာ ပြောဆိုလိုက်ပါတယ်။

Photo - Myanmar State Counsellor Office



ဇွန်လ ၁၉ ရက်နေ့မှာကျရောက်တဲ့ မွေးနေ့ပွဲကို နေပြည်တော်မှာ ကျင်းပခဲ့တာဖြစ်ပြီး အစားအသောက်တွေလည်း လှူဒါန်းမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ မွေးနေ့ပွဲမှာ လူတွေနဲ့ တွေ့ဆုံစဉ်မှာ သူက ခုလိုပြောကြားလိုက်တာပဲဖြစ်ပါတယ်။

"အမည်တိုင်း အမည်တိုင်းကို မသိပါဘူး။ ဒါပေမယ့် ပို့သတဲ့ မေတ္တာတွေကိုကိုတော့ အနည်းလေးမှမကျန်ခံစားရပါ တယ်။ မေတ္တာနဲ့ပေးတဲ့ဆုတိုင်းထိရောက်ပါတယ်။ ကောင်းကင်ကကျ လာတဲ့ မိုးပေါက်တိုင်းကို မသိနိုင်ပေမယ့် ဒီမိုးပေါက်များရဲ့ စုပေါင်းအားနဲ့ ကမ္ဘာမြေကြီးစိမ်းလန်း စိုပြေသလိုပါပဲ။ များပြားလှသော မေတ္တာ၊ စေတနာရှင်များရဲ့ အားနဲပ ရှင်သန်နေတယ်လို့ ပြောရင် မမှားပါဘူး။"လို့ ဒေါ်အောင်ဆန်းစုကြည်က ပရိတ်သတ်တွေကို ပြောကြားလိုက်တာဖြစ်ပါတယ်။

Photo - Myanmar State Counsellor Office

ဒါ့အပြင် နိုင်ငံသူနိုင်ငံသားအားလုံး နှလုံးစိတ်ဝမ်းအေးချမ်းစေဖို့နဲ့ အားလုံးမျှော်လင့်တောင့်တနေတဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု အမြန်ဆုံးတည်ဆောက်နိုင်စေဖို့လည်း ဆုတောင်းကြောင်းကိုလည်း နိုင်ငံတော် အတိုင်ပင်ခံရုံးက ထုတ်ပြန်ထားပါတယ်။

ဒီနေ့ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ပွဲကို မြန်မာနိုင်ငံအနှံ့အပြားမှာ ကျင်းပနေကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က