ထီလက်မှတ်တစ်စောင်ကို (၁၁၀၀)၊(၁၂၀၀)ကျပ်နဲ့ရောင်းချနေတာပါ။
Ei Ei Htun

ထီလက်မှတ်တွေကိုအခွန်ရုံးက ပုံမှန်ဈေးအတိုင်းရောင်းချနေပေမယ့် အပြင်မှာတစ်ဆင့်တစ်ဆင့်နဲ့ဈေးတက်ပြီးရောင်းချနေတာတွေရှိရင် ဆိုင်လိပ်စာနဲ့တကွ အခွန်ဦးစီးဌာနကို တိုင်ကြားလို့ရတယ်လို့ ပြည်တွင်းအခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင်က ပြောပါတယ်။ 

ယခုသြဂုတ်လကစလို့ ထီလက်မှတ်တွေဈေးတက်သွားတာကြောင့် ရောင်းချတဲ့သူတွေအနေနဲ့ရောင်းအားကျဆင်းလျှက်ရှိတယ်လို့ သိရပါတယ်။ နိုင်ငံတော်အနေနဲ့ကတော့ ထီလက်မှတ်တွေကိုပုံမှန်ဈေးအတိုင်းရောင်းချပေးနေတာကြောင့် အခုလိုဈေးတင်ပြီးရောင်းချတဲ့ထီဆိုင်တွေကို လိပ်စာနဲ့တကွ ပြည်တွင်းအခွန်ဦးစီးဌာနကိုတိုင်ကြားလို့ရတယ်လို့ ဆိုပါတယ်။

“ ပြည်တွင်းအခွန်ကတော့ သတ်မှတ်ဈေး ထီလက်မှတ်တစ်စောင်ကို (၁၀၀၀) နှုန်းနဲ့ (၁၁) စောင်ပါတဲ့ တစ်အုပ်ကိုတစ်သောင်းနဲ့ရောင်းတာ။ အခွန်ရုံးကတော့ ဈေးနှုန်းဘယ်လိုမှပြောင်းလို့မရဘူး။အပြင်မှာတစ်ဆင့်တစ်ဆင့်နဲ့ဈေးတက်ပြီးရောင်းနေတာတွေဖြစ်မယ်။ အခွန်ရုံးကတော့ပုံမှန်ဈေးအတိုင်းပဲမတက်ဘူး၊ အပြင်မှာ ထီလက်မှတ်တွေဈေးတင်ရောင်းတဲ့ ဆိုင်တွေကိုလည်း ဆိုင်လိပ်စာနဲ့တကွ အခွန်ဦးစီးဌာနကိုတိုင်လို့ရတယ်" လို့ ပြည်တွင်းအခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင်က Duwun ကိုပြောပါတယ်။

ယခု သြဂုတ်လမှာတော့ ထီးရောင်းတဲ့သူတွေအနေနဲ့ မိုးယံထီလက်မှတ်တစ်စောင်ကို (၁၁၅၀)၊ (၁၂၀၀)ကျပ်နဲ့ရောင်းချနေရပြီး တခြားထီလက်မှတ်တွေကိုတော့ တစ်စောင်ကို (၁၁၀၀)ကျပ်နဲ့ရောင်းနေကြတာပါ။

“ ပြီးခဲ့တဲ့လတွေနဲ့ယှဉ်ရင် ဒီလကရောင်းအားနည်းနည်းကျတယ်။ (၃)ပုံ (၁)ပုံလောက်တော့ကျသွားတယ်။ ထီဈေးတွေကတဖြည်းဖြည်းနဲ့မြင့်မြင့်လာတော့ အရင်းလည်းကြီးလာတယ်။ အရင်လတွေက တစ်စောင်ကို(၁၀၀၀) ရောင်းနေတာ၊ ဒီလကစပြီး(၁၁၀၀) ဖြစ်သွားတယ်။ အခုလိုဈေးတွေတက်တော့ ပုံမှန်ထီထိုးနေကြသူတွေတောင်မထိုးတော့ဘူး။ လက်ထဲထီလက်မှတ်ကျန်တွေမရှိအောင်ပဲ ပင်ရင်းဆိုင်ကယူကတည်းက လျော့ပြီးယူတယ်” လို့ ရန်ကုန်မြို့မှာထီရောင်းချသူတစ်ဦးဖြစ်တဲ့ မမေသူဖြိုးက Duwun ကိုပြောပါတယ်။

ထီရောင်းတဲ့သူတွေအနေနဲ့ ထီဈေးတက်လို့ရောင်းအားတွေကျပေမယ့် ပြည်တွင်းအခွန်ဦးစီးဌာနမှာတော့ ယခုလအတွက် ထီလက်ကျန်အစောင်ရေမကျန်ရှိဘူးလို့ သိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ(၁)ရက်နေ့ကထွက်ရှိတဲ့ (၆)ကြိမ်မြောက်ထီဖွင့်ပွဲမှာဆိုရင်လည်း ထီလက်မှတ်ကျန်တာမရှိဘူးလို့ လို့ ပြည်တွင်းအခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင်က ပြောပါတယ်။ 


က္က