WE LOVE YANGON ရဲ့ Package အစီအစဉ်တွေကနေတဆင့် ထောက်ပံ့မှာဖြစ်ပါတယ်။
Thin Nu Swe

ရန်ကုန်က ကွာရန်တင်းစင်တာတွေမှာ ပါဝင်ကူညီဆောင်ရွက်ပေးနေတဲ့ Volunteer တွေရဲ့ မိသားစုဝင်တွေကို အစားအသောက် ရိက္ခာတွေထောက်ပံ့ပေးဖို့ ဆောင်ရွက်နေတယ်လို့ Quarantine စင်တာတွေနဲ့ပတ်သက်ပြီး တိုင်းကျန်းမာရေးနဲ့ပူးပေါင်းကူညီဆောင်ရွက်ပေး နေတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က Duwun ကိုပြောပါတယ်။

"ကျွန်တော်တို့ ဆီကနေ ကွာရန်တင်းစင်တာတွေကိုပို့ပေးနေသူတွေကိုပါ။ အားလုံးကအယောက် ၂၀၀ ကျော်လောက်ရှိတယ်။ ကျွန်တော်တို့ ဖုန်းဆက်မေးတော့အဆင်မပြေတဲ့ မိသားစု ၁၀၀ လောက်ရှိတယ် ။ သူတို့ကိုထောက်ပံ့မယ်။ အလှူငွေရရှိမှုအပေါ်မူတည်ပြီး လှူမယ် We love yangon မှာ package တွေရှိတယ်။ ဒီလထဲမှာပဲ ထောက်ပံ့မယ်။ " လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က Duwun ကိုပြောပါတယ်။

ဓာတ်ပုံ - နေဘုန်းလတ်

အဆိုပါထောက်ပံ့မှု အစီအစဉ်ကို ဧပြီလထဲမှာပဲပြုလုပ်သွားမှာဖြစ်ကြောင်းနဲ့ ပေးအပ်တဲ့အခါမှာလည်း အိမ်အရောက် ပို့ဆောင်ပေးမှာဖြစ်ပါတယ်။ပေးအပ်မယ့် ပစ္စည်းအခြေအနေကတော့ အလှူငွေရရှိမှုအပေါ် မူတည်ပြီး WE LOVE YANGON ရဲ့ ပင်ကေ့ချ် အစီအစဉ်တွေကနေ ထောက်ပံ့မှာဖြစ်ပါတယ်။

လက်ရှိ ကွာရန်တင်းစင်တာတွေကနေ ရက်ပြည့်လို့ နေရပ်ကိုပြန်သွားတဲ့သူတွေရှိသလို အသစ်ထပ်ဝင်လာတဲ့ နေရာတွေလည်းရှိနေတာကြောင့် အသွားအလာကန့်သတ်ထားသူအရေအတွက်အတိအကျကိုတော့ မသိရှိဘူးလို့ သိရပါတယ်။ 

ပိတ်သွားတဲ့ ကွာရန်တင်းစင်တာတွေလည်းရှိသလို အသစ်ထပ်ဖွင့်လိုက်တဲ့ ကွာရန်တင်းစင်တာ​တွေလည်းရှိတာကြောင့် ရန်ကုန်မှာ ၂၀ နီးပါးလောက်တော့ရှိနေသေးတယ်လို့သိရပါတယ်။

(အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့ထားသော သတင်းဖြစ်ပါသည်)


ဆက်စပ်အကြောင်းအရာများ


က္က