ရန်ကုန်တိုင်း COVID 19 ထိန်းချုပ်ကာကွယ်ရေးကော်မတီအနေနဲ့ကလည်းတရားဝင်ညွှန်ကြားထားပါတယ်။

သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ Quarantine ဝင်ရောက်ရမယ့်သူတွေကို သွားခေါ်ရာမှာ မလိုအပ်ဘဲ လူစုလူဝေးတွေဖြစ်ပေါ်လျှက်ရှိတာကြောင့် အခုနောက်ပိုင်းမှာ လူအင်အားလျော့ချပြီး လိုအပ်တဲ့ လူအရေအတွက်လောက်ကသာ သွားရောက်ခေါ်ဆောင်လျှက်ရှိတယ်လို့ သိရပါတယ်။ 

လူမှုကွန်ရက်စာမျက်နှာမှာ Quarantineဝင်ရောက်ဖို့ သွားခေါ်တဲ့သူကို ဓာတ်ပုံဝိုင်းရိုက်နေတဲ့ ပုံတွေပြန့်နှံ့ခဲ့ပြီးနောက် ရန်ကုန်တိုင်းဒေသကြီး COVID 19 ထိန်းချုပ်ကာကွယ်ရေးကော်မတီအနေနဲ့ကလည်း အခုလိုတွေမဖြစ်အောင်ညွှန်ကြားချက်စာထုတ်ပြန်ခဲ့တယ်လို့ ကမာရွတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက Duwun ကိုပြောပါတယ်။



“ ညွှန်ကြားချက်စာကတော့ ထုတ်ထားတာကြာပြီ၊ ရက်အတိအကျမမှတ်မိဘူး။ဘယ်လိုအချက်တွေဘာလဲဆိုတော့ အဓိက လူတွေဝိုင်းပြီးဓာတ်ပုံရိုက်တာနဲ့ပတ်သက်ပြီးသွားရောက်ခေါ်ဆောင်တဲ့သူတွေအနေနဲ့လည်း မလိုအပ်လည်း လူအများကြီးမသုံးဖို့ပါတယ်။ ကျွန်တော်တို့ကတော့ အခုဆိုသွားခေါ်ရင် ကြက်ခြေနီနဲ့ ရပ်ကွက်တာဝန်ရှိသူလောက်ပဲပါပါတယ်။ ဓာတ်ပုံဝိုင်းရိုက်ကြတယ်ဆိုတာကလည်း ရပ်ကွက်နေပြည်သူတွေရဲ့ လုပ်ရက်တွေဖြစ်ပြီး တစ်ယောက်စ တစ်ယောက်စ စိတ်ဝင်တစားနဲ့ဝိုင်းအုံလာကြတော့ အခုလိုတွေဖြစ်ကုန်တာ” လို့ ဦးသိန်းဇော်ဦးကပြောပါတယ်။ 

သက်ဆိုင်ရာမြို့နယ်တာဝန်ရှိသူတွေအနေနဲ့ကတော့ နေရာတစ်ခုကို lock down လုပ်မယ်ဆိုရင်သာ တာဝန်ရှိသူအသီးသီးပါဝင်တာဖြစ်ပြီး Quarantineဝင်ရောက်ဖို့ သွားခေါ်တဲ့ အခါမှာတော့ သူ (၃) ၊ (၄)ယောက်သာ ဆောင်ရွက်တယ်လို့ သိရပါတယ်။ 

အခုနောက်ပိုင်းမှာတော့ Quarantine ဝင်ရောက်ရမယ့် သူတွေကို သွားခေါ်တဲ့အခါမှာ ရပ်ကွက်နေပြည်သူတွေကို အနားကပ်ခိုင်းတာမျိုးမလုပ်ခိုင်းပေမယ့်လည်း တချို့သူတွေအနေနဲ့က လိုက်နာမှုအားနည်းတာတွေလည်းရှိတယ်လို့ ဦးသိန်းဇော်ဦးကပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က