စာအုပ်တွေကို ဖတ်ပြီးရင် ပြန်လာထားပေးရပါမယ်။
Mi Thawdar Aung

ဘယ်သူမဆို လမ်းသွားလမ်းလာရင်းနဲ့ စာဖတ်လို့ရအောင် ရည်ရွယ်ပြီးတော့ စာအုပ်တွေ အခမဲ့ဖတ်လို့ရတဲ့ Book Box ကို ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ဘိန်းရွာမှာ ပထမဆုံး ဖွင့်လှစ်လိုက်ပါတယ်။

ဇွန်လ ၂၃ ရက်က စပြီး ကျေးရွာလူငယ်တွေစုပေါင်းထားတဲ့ Book Clubအဖွဲ့ က ဦးဆောင်ပြီးတော့ ရွာရဲ့ အချက်အချာကျတဲ့ နေရာ ဖွင့်လှစ်လိုက်တယ်လို့သိရပါတယ်။


Read For Change ဆိုတဲ့ Campaign အနေနဲ့ လူငယ်တွေကို စာဖတ်နှုန်းမြင့်တင်ဖို့၊ စာကြည့်တိုက်သွားစရာမလိုဘဲ အလွယ်တကူဖတ်နိုင်ဖို့၊ ကလေးတွေ စာဖတ်လိုတဲ့ စိတ်တွေရှိဖို့ ရည်ရွယ်တာဖြစ်တယ်လို့ Book Box စီစဉ်သူတစ်ဦးဖြစ်တဲ့ နွန်ထောမွန်က Duwun ကိုပြောပါတယ်။


Photo- B-Book

“ Food Box လုပ်နေတဲ့အချိန်မှာ ရွာအတွက် Book Box လုပ်ပေးပါတယ်။ စာအုပ်တွေကိုတော့ အပိုင်ယူလို့တော့မရပါဘူး။ အိမ်သယ်သွားလို့ရတယ်။ ဖတ်ပြီးရင် ပြန်လာထားပေးရပါမယ်။ လမ်းသွားလမ်းလာရင် ဖတ်လို့ရအောင် ထိုင်ခုံတွေလဲ ရှိပါတယ်” လို့ နွန်ထောမွန်က ဆိုပါတယ်။

Book Boxမှာ စာအုပ် ၂၅အုပ်ထည့်ထားပြီး စိတ်ဓာတ်ခွန်အားဖြည့်စာအုပ်၊ အတွေးအခေါ် နဲ့ အတ္ထုပ္ပတ္တိစာအုပ်တွေကို ထည့်ထားပေးတယ်လို့လည်းသိရပါတယ်။

အဆိုပါ Book Box တွေကို ကော့ဘိန်းရွာမှာပဲ ထပ်မံဖွင့်လှစ်သွားဖို့ ရှိပြီးနောက်ပိုင်းမှာတော့ အခြားနေရာတွေမှာ ဖွင့်လှစ်နိုင်ဖို့ စီစဉ်သွားမယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က