ရန်ကုန်တက္ကသိုလ်မှာ ပြုလုပ်ခဲ့တဲ့ရသစာပေစကားဝိုင်းဆွေးနွေးပွဲမှာ ထည့်သွင်းပြောကြားခဲ့တာပါ။

စာအုပ်တွေဆိုတာ သော့ခတ်သိမ်းထားဖို့မဟုတ်ဘဲ ဖတ်ဖို့ဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။



 

ရန်ကုန်တက္ကသိုလ်မှာပြုလုပ်တဲ့ရသစာပေစကားဝိုင်း

 

သြဂုတ်လ ၂၈ ရက်က ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းဘဘင်ခန်းမမှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ရန်ကုန်မြို့ရှိ တက္ကသိုလ်တွေက ကိုယ်စားပြု ကျောင်းသား ၂၂ ဦးပါဝင်တဲ့ ရသစာပေစကားဝိုင်းဆွေးနွေးပွဲမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ်မှာပြုလုပ်တဲ့ရသစာပေစကားဝိုင်း

 

 

ဒီဆွေးနွေးပွဲမှာဆိုရင် ပါဝင်ဆွေးနွေးခဲ့တဲ့ ရန်ကုန်နည်းပညာတက္ကသိုလ်မှ မဝင့့်မြတ်နိုးက တက္ကသိုလ်တွေမှာ စာအုပ်ကောင်းတွေကို သော့ခတ်ပြီး သိမ်းထားတယ်ဆိုပြီးဆွေးနွေးချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က “စာအုပ်ဆိုတာဖတ်ဖို့ဖြစ်ပါတယ်။ သော့ခတ်ထားဖို့မဟုတ်ပါဘူး။ စာအုပ်ရဲ့ တန်ဖိုးဆိုတာ လူဖတ်မှ တန်ဖိုးရှိတာ။ ပညာရေးဝန်ကြီးအနေနဲ့ စာကြည့်တိုက်တွေ သော့မခတ်ဖို့စီစဉ်ပေးသင့်ပါတယ်။ ဒါပေမယ့် ကျောင်းသားတွေအနေနဲ့ စာအုပ်တွေကိုဌားပြီးရင် ရိုရိုသေသေကိုင်ကိုင်ဖို့လိုတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်မှာ ရသစာပေရဲ့ အခန်းကဏ္ဍကို ဆွေးနွေးခဲ့ပြီး စာကြည့်တိုက်တွေရဲ့ အခြေအနေတိုးတက်ဖို့၊  ကျောင်းသားလူငယ်တွေစာဖတ်ဖို့ကိုလည်း ကျောင်းသားတွေနဲ့အတူ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာပါဝင်ခဲ့တဲ့ကျောင်းသားတစ်ဦးဖြစ်တဲ့ ရန်ကုန်ဆေးတက္ကသိုလ်(၁)က မင်းအေးချမ်းကိုက

“ ကျောင်းသင်ပညာရေးတွေမှာ ကျောင်းသားတွေက ဘောင်ခတ်မခံရဘဲ လွတ်လွတ်လပ်လပ်တွေးခေါ်ခွင့်တွေနဲ့ပတ်သက်ပြီး ဆွေးနွေးခွင့်ရခဲ့တယ်။ ပွဲမှာ ပွင့်ပွင့်လင်းလင်းပြောခွင့်ရတယ်။ ချုပ်ချယ်ခွင့်မရှိဘဲပြောခွင့်ရလို့  ကျေနပ်တယ်။ “ လို့ ဆိုပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ သြဂုတ်လ ၁၁ ရက်တုန်းကလည်း မန္တလေးတက္ကသိုလ်မှာ ကျင်းပတဲ့ လူငယ်ဘက်စုံဖွံဖြိုးရေးပွဲတော်မှာ ကျောင်းသားကျောင်းသူတွေနဲ့ စာပေစကားဝိုင်းထည့်သွင်းကျင်းပခဲ့ပါတယ်။

Share

Loading Next Article...
က္က