ဈေးတွေနဲ့ City Mallတွေကိုတော့ စည်းကမ်းချက်တွေနဲ့အညီ ဖွင့်လှစ်ခွင့်ပြုထားပါတယ်။

ယခုနောက်ပိုင်း ပြည်တွင်းကူးစက်လူနာတွေမှာ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေကနေ ကူးစက်မှုတွေရှိလာတာကြောင့်တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စားသောက်ဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေမှာ ဆိုင်ထိုင်စနစ် ဖွင့်လှစ်ခွင့် ပြုတော့မှာ မဟုတ်ဘဲ Take away စနစ်နဲ့ ရောင်းချခွင့်ပြုတော့မယ်လို့ သိရပါတယ်။



ကိုဗစ်ကာလအတွင်းမှာ လက်ဖက်ရည်ဆိုင်တွေနဲ့ စားသောက်ဆိုင်တွေကို ပါဆယ်စနစ်နဲ့သာရောင်းချခွင့်ပြုပြီး ဈေးတွေနဲ့ City Mallတွေကိုတော့ စည်းကမ်းချက်တွေနဲ့အညီ ဖွင့်လှစ်ခွင့်ပေးထားတယ်လို့ သမ္မရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောပါတယ်။



“လက်ရှိ ပြည်တွင်း ကူးစက်မှုမှာ စားသောက်ဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေ ထိုင်ရာက ကူးစက်မှုတွေ တွေ့ရှိရတဲ့အတွက် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စားသောက်ဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေမှာ ဆိုင်ထိုင်စနစ် ဖွင့်လှစ်ခွင့် ပြုတော့မှာ မဟုတ်ဘဲ Take away စနစ်နဲ့ ရောင်းချရမှာ ဖြစ်ပါတယ်။ ပြည်သူတွေစားသောက်နေထိုင်ရေးအဆင်ပြေစေဖို့အတွက်က ဈေးများ၊ Mall များ ဖွင့်ခွင့်ပေးထားပါတယ်။ စားသောက်ကုန်၊ သားငါး၊ ကုန်စိမ်း၊ ကုန်ခြောက်၊ တစ်ကိုယ်ရည်သုံးပစ္စည်းများ၊ ဆေးဝါးနှင့် လျှပ်စစ် ပစ္စည်းအရောင်းဆိုင်များကို ဖွင့်လှစ်ခွင့်ပေးထားပါတယ်”လို့ ဦးဇော်ဌေးကပြောပါတယ်။

ပြည်သူတွေအနေနဲ့ကလည်း ဈေးရောင်းဈေးဝယ်လုပ်တဲ့အခါမှာ ကျန်းမာရေး စည်းကမ်းတွေနဲ့အညီ ရောင်းတာ ဝယ်တာ လုပ်ဖို့ လိုတယ်လို့ဆိုပါတယ်။

ရန်ကုန်မှာဆိုရင်တော့ စားသောက်ကုန်တွေကို Delivery စနစ်တွေနဲ့ရောင်းချခွင့်ပြုထားပြီး ရောဂါကူးစက်မှုတွေ အတက်နိုင်ဆုံးထိန်းချုပ်နိုင်အောင် စီစဉ်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ 

ကိုဗစ်ကာလအတွင်းပြည်သူတွေစားဝတ်နေရေးအဆင်ပြေစေဖို့အပြင် သံဃာတွေ ဆွမ်းကိစ္စကိုလည်း သက်ဆိုင်ရာ ထွေအုပ်တာဝန်ရှိသူတွေ၊ အုပ်ချုပ်ရေးမှူးတွေက ပရဟိတတွေ၊ အလှူရှင်တွေနဲ့ ပေါင်းပြီး ဆောင်ရွက်ပေးဖို့ကိုလည်း ညွှန်ကြားထားပြီး ဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က