loading...

loading...

loading...

ကျောင်းအနီးမီးလောင်မှုဖြစ်ပွားခဲ့တာပါ။
Mi Thawdar Aung

ပဲခူးတိုင်း၊ အုတ်ဖိုမြို့ အထက်တန်းကျောင်း မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေစဉ် ကျောင်းအနီး မီးလောင်မှုဖြစ်ပွားခဲ့လို့ ကျောင်းသားကျောင်းသူများ ကြောက်လန့်ပြီး ထွက်ပြေးခဲ့ရတယ်လို့သိရပါတယ်။

Photo- Zaw Min

ဒီနေ့ မတ်လ ၁၁ ရက် မနက် (၉) နာရီခန့်က အုတ်ဖို့မြို့ အထက်တန်းကျောင်းနဲ့ တစ်လမ်းခြားက အိမ်တစ်အိမ်မှာ မီးလောင်မှုဖြစ်ပွားခဲ့တာပါ။

လက်ရှိတာ့ မီးငြိမ်းသွားခဲ့ပြီးကျောင်းသားကျောင်းသူတွေလည်း စာမေးပွဲစတင်ဖြေဆိုနေပြီလို့ အုတ်ဖိုမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစောသူရအောင်က Duwun ကိုပြောပါတယ်။

“ မီးစလောင်တဲ့အချိန်မှာ မိဘတွေက အတင်းဆွဲခေါ်ကြတော့ ရုန်းရင်းဆန်ခတ်ဖြစ်သွားတာပါ။ကျောင်းကိုလောင်တာလည်းမဟုတ်ပါဘူး။ ကျောင်းသားတွေလည်း ဘာမှ ထိခိုက်မှုမရှိပါဘူး။ အခုတော့ မီးငြိမ်းသွားပါပြီ။ ”

မီးလောင်မှု အကြောင်းရင်းကိုတော့ တိတိကျကျမသိရသေးဘဲ အိမ်နှစ်လုံးပျက်စီးဆုံးရှုံးသွားခဲ့တယ်လို့လည်း ဦးစောသူရအောင်က ပြောပါတယ်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေကို ဒီနေ့ မတ်လ ၁၁ ရက်ကနေ မတ်လ ၂၀ ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာမှာ ကျင်းပသွားမှာဖြစ်ပြီး ဖြေဆိုသူ ဦးရေ ၉ သိန်းကျော်ရှိတယ်လို့လည်း သိရပါတယ်။



loading...

က္က