loading...

loading...

loading...

မတ်လ၁၁ ရက်မှာ ဖြေဆိုမည့်တက္ကသိုလ်ဝင်စာမေးပွဲအတွက် ညွန်ကြားထားတာပါ။
Mi Thawdar Aung

မတ်လ ၁၁ ရက်မှာ ကျင်းပမယ့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအတွက် စာစစ်ဌာနတွေမှာ လက်သန့်ဆေးရည်နဲ့ နှာစေးချောင်းဆိုးတဲ့အခါ တစ်ရှုးတွေ ထားပေးဖို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ပညာရေးဝန်ကြီး ဌာနကို အကြံပြုချက်ပေးပို့ထားတယ်လို့သိရပါတယ်။

Photo - ယခင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသည့်နေမှာ မိဘများလာရောက်စောင့်ဆိုင်းနေစဉ်။

ပညာရေးဝန်ကြီးဌာနအနေနဲ့လည်း COVID-19 ရောဂါကာကွယ်နိုင်ဖို့ နည်းလမ်းတွေကို သက်ဆိုင်ရာအခြေခံပညာ ကျောင်းတွေ၊ စာစစ်ဌာနတွကို ညွှန်ကြားထားပြီး ဖြစ်တယ်လို့သိရပါတယ်။

“ ပိုးသတ်ဆေး (Jel) မထားနိုင်ရင်တောင် ရေနဲ့ ဆပ်ပြာထားပေးဖို့ အတွက် ညွှန်ကြားထားပြီးဖြစ်ပါတယ်။ ဒါတွေကို တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်းမှာတင်မဟုတ်ဘဲ ကျောင်းတွေကိုလည်း အရင်ကတည်းက မှာထားပြီးသားဖြစ်ပါတယ်။” လို့ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက Duwun ကိုပြောပါတယ်။

Cတက္ကသိုလ်ဝင်တန်းစာမေးပွဲကာလအတွင်းမှာ ကျောင်းသားတွေက အစုလိုက်အပြုံလိုက် စာမေးပွဲလာရောက်ဖြေဆိုမှာ ဖြစ်တာကြောင့် လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ဖို့ ပြောကြားထားတယ်လို့သိရပါတယ်။

“ စာမေးပွဲက ၁၁ ရက်ကနေ ၂၀ ရက်နေ့အထိဖြေမှာ။ ဒီစာမေးပွဲကာလအတွင်းမှာ ကျောင်းသားတွေက အစုလိုက်အပြုံလိုက် စာမေးပွဲလာဖြေကြမယ်။ လိုက်ပို့တဲ့မိဘနဲ့ဆို လူစုလူဝေးတွေက ဖြစ်ဦးမှာလေ။ ဒါကြောင့် လိုအပ်တဲ့ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ကာကွယ်မှုတွေ လုပ်ပေးပါလို့ ပြောထားပြီးသားဖြစ်ပါတယ်။” လို့ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက Duwun ကိုပြောပါတယ်။

စာသင်ကျောင်းတွေဟာ ကလေးတွေ စုရုံးတဲ့နေရာဖြစ်တာကြောင့် COVID-19 ရောဂါကာကွယ်နိုင်ဖို့ လက်ဆေးဖို့၊ နှာစေးချောင်းဆိုးတဲ့အခါ လုံအောင်အုပ်ဆိုးဖို့နဲ့ ပွဲလမ်းသဘင်နဲ့ လူထူထပ်တဲ့နေရာတွေကို ရှောင်ကြဉ်နိုင်ဖို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ပညာရေးဝန်ကြီးဌာနကို ညွှန်ကြားထားပြီး သားဖြစ်တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲ ဒေါက်တာသန်းနိုင်စိုးက Duwun ကိုပြောပါတယ်။

“ စာမေးပွဲခန်းကျတော့ တစ်ယောက်နဲ့ တစ်ယောက် ၃ ပေ အထက် မှာ နေရတာကိုး။ WHO ကတော့ ၃ ပေအထက်နေရင် မကူးစက်နိုင်ဘူးပြောထားတော့ ရောဂါဖြစ်နိုင်ခြေကတော့ နည်းသွားတာပေါ့” လို့ ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။

အခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ စာစစ်ဌာနပေါင်း ၁၉၉၀ ခုရှိပြီး စာမေးပွဲဖြေဆိုမယ့်သူ ၉ သိန်းကျော်ရှိနေတယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်ထားချက်အရသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က