ဆရာမကတော့ သတိရတစ်ချက် မရတစ်ချက်ဖြစ်နေကြောင့် ရန်ကုန်ဆေးရုံးကြီးမှာ တက်ရောက်နေရဆဲ ဖြစ်ပါတယ်။

ဆရာမကတော့ သတိရတစ်ချက် မရတစ်ချက်ဖြစ်နေတဲ့အတွက် ရန်ကုန်ဆေးရုံးကြီးမှာ တက်ရောက်ကုသနေရဆဲ ဖြစ်ပါတယ်။

မရမ်းကုန်းမြို့နယ် အထက်ဗဟိုလမ်း (၂)ရပ်ကွက်မှာရှိတဲ့ Educator English Language Sghool ပုဂ္ဂလိက စာသင်ကျောင်းမှာ မီးပျက်နေစဉ် မီးစက်နှိုးရာက မီးခိုးငွေ့တွေက စာသင်ခန်းထဲဝင်ပြီး အခန်းတွင်းရှိ ဆရာမနဲ့အတူ ကျောင်းသားများ သတိလစ်မေ့မျောခဲ့တဲ့ဖြစ်ရပ် ဒီနေ့ မေလ ၁၄ ရက် မနက် ၁၁ နာရီကျော်ခန့်က ဖြစ်ပွားခဲ့ပါတယ်။ မီးပျက်စဉ် မီးစက်နှိုးရာက မီးခိုးငွေ့တွေက စာသင်ခန်းထဲဝင်ပြီး အခန်းတွင်းရှိ ဆရာမနဲ့အတူ ကျောင်းသားများသတိလစ်မေ့မြောခဲ့တာပါ။



“ဖြစ်ဖြစ်ချင်း ကလေးတွေကို ဆေးရုံပို့တာ စိုးရိမ်ရတယ်ဆိုရင်တောင် ဆေးရုံမှာဆိုတော့ ကလေးတွေကို အချိန်မီကုလို့ ရအောင်လို့။ အခုတော့ ကလေးတွေက အားလုံးသက်သာပါတယ်။ စိုးရိမ်စရာမရှိတော့ဘူး။ မိဘတွေက ပြန်ခေါ်သွားကြပြီ။ တကယ်လို့ အိမ်မှာ တစ်ခုခုထပ်ဖြစ်ရင်တောင် ကျောင်းကိုဆက်သွယ်ဖို့အတွက် မိဘတွေအားလုံးကို မှာလိုက်ပါတယ်။ သူတို့ဖုန်းနံပတ်တွေလည်း အကုန်ယူထားတယ်" လို့ ကျောင်းရဲ့မန်နေဂျာဖြစ်သူ မကေသီမြင့်က Duwun ကို ပြောပါတယ်။

ဖြစ်စဉ်အတွင်း ဝင်ရောက်ကူညီခဲ့တဲ့ ကျောင်းအနီးဝန်းကျင်မှာ နေထိုင်သူတစ်ဦးဖြစ်တဲ့ ကိုကျော်ကျော်က “ကျွန်တော် စသိတဲ့အချိန်က ကျောင်းသားကလေးတစ်ယောက်က နောက်ဖေးမှာ လဲကျသွားတဲ့ ဆရာမကို ကလေးက ကူပြီးခေါ်လာတာမြင်တယ်။ ကူခေါ်လာတဲ့ကလေးကလည်း လမ်းမှာတင် လဲကျသွားတယ်။ ပတ်ဝန်းကျင်ကလူတွေလည်း သိသိချင်း လူမှုကူညီရေးအဖွဲ့တွေကိုဖုန်းဆက်ပြီး အကူအညီတောင်းခဲ့တာပါ” လို့ Duwun ကိုပြောပါတယ်။

ဖြစ်ပွားခဲ့စဉ်အချိန်က ကလေးတွေကို ရန်ကုန်ဆေးရုံကြီးနဲ့ အင်းစိန်ဆေးရုံကို ပို့ဆောင်ခဲ့ဲပြီး လက်ရှိမှာတော့ ကလေးတွေအားလုံ းစိုးရိမ်စရာမရှိတဲ့အတွက် မိဘတွေက အိမ်ကိုပြန်လည်ခေါ်သွားပြီဖြစ်ပါတယ်။ ဆရာမကတော့ သတိရတစ်ချက် မရတစ်ချက် ဖြစ်နေတာကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ဆက်လက်ခံယူနေတယ်လို့ သိရပါတယ်။

နွေရာသီမှာ ဖွင့်လှစ်တဲ့ ဒီကျောင်းဟာ ဒီကနေ့ စာမေးပွဲပြီးရင် ကျောင်းပိတ်တော့မှာဖြစ်ပြီး စာမေးပွဲဖြေနေစဉ်အတွင်းမှာ ယင်းဖြစ်ရပ်ကြောင့် ဆရာမနဲ့အတူ ဖြေဆိုနေသူ ကလေး ၂၃ ဦး သတိလစ်မေ့မြောသွားခဲ့တာ ဖြစ်ပါတယ်။ Educator English Language School ဟာ ဒီနေရာမှာ ဖွင့်လှစ်ခဲ့တာ (၂)နှစ်ကျော် (၃)နှစ် ကာလရှိခဲ့ပြီး အခုလိုဖြစ်စဉ်က ပထမဆုံးအကြိမ်ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က