စစ်ကိုင်းတိုင်းမှာ ဖြစ်ပွားခဲ့တာပါ။

ရည်းစားစကားလိုက်ပြောတာကို လက်မခံလို့ ဆိုပြီး ပါးရိုက်သူကို အရေးယူမှု စစ်ကိုင်းတိုင်းချောင်းဦးမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေ သိရပါတယ်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၁၁ ရက် ညနေ ၃ နာရီခွဲလောက်က အသက် ၁၄ နှစ်အရွယ် ၈ တန်းကျောင်းသူ ၂ ဦးတို့ဟာ ကျေုာင်းဆင်းလာစဉ် ကျေးရွာအနီး နှစ်ပင်စင်ဘုရားလမ်းအရောက်မှာ အသက် ၁၉ နှစ်အရွယ် ပါကျဲ (ခ) စိုင်းရဲလင်းက ရည်းစားစကားလိုက်ပြောခဲ့ကြောင်း သိရပါတယ်။


မိန်းကလေးက လက်မခံတာကြောင့် မကျေနပ်ဘဲ ပါကျဲ (ခ) စိုင်းရဲလင်းက အဆိုပါမိန်းကလေးကို ပါးရိုက်ခဲ့ပြီး ဒဏ်ရာတွေရရှိခဲ့တာကြောင့် အရေးယူပေးဖို့ တိုင်တန်းခဲ့တာဖြစ်ပါတယ်။ လက်ရှိတော့ ပါကျဲ(ခ)စိုင်းရဲလင်းကို ချောင်းဦးမြို့မရဲစခန်း(ပ)၁၀/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၅၄/၃၂၃ နဲ့ အရေးယူထားတယ်လို့သိရပါတယ်။

၂၀၁၈ ခုနှစ် နိုဝင်ဘာလတုန်းကလည်း မန္တလေးမြို့မှာ အမျိုးသမီးတစ်ဦးကို ချစ်ခွင့်ပန်ရာ ပြန်မကြိုက်တာကြောင့် ဓားနဲ့ ထောက်ပြီး အဖြေတောင်းခဲ့သူကို အရေးယူထားခဲ့တယ်လို့လည်း သိရပါတယ်။



က္က