ဒီကနေ့ ဇူလိုင်လ(၂)ရက်နေ့ကထုတ်ပြန်လိုက်တာပါ။
စားသောက်ကုန်တွေက ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ ခွင့်မပြုဆိုးဆေးများ၊ တာရှည်ခံ ဓာတုဆေးများ ပါဝင်ခြင်းတို့ကြောင့် စားသုံးရန်မသင့်ကြောင်း ထုတ်ပြန်ကြေညာခဲ့တာပါ။

ကျန်းမာရေးနှင့်အ ားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က ပြည်သူများ စားသုံးရန်မသင့်တဲ့ စားသောက်ကုန် (၂၁) မျိုးကို ထဒီကနေ့ ဇူလိုင်လ(၂)ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

စားသုံးရန်မသင့်ကြောင်း ထုတ်ပြန်လိုက်တဲ့အစားအသောက် (၂၁)မျိုးကတော့ (ရှမ်းကြီးအမှတ်တံဆိပ်ပါ) ပဲကြီးလှော်၊ ( ကောင်းကောင်းအမှတ်တံဆိပ်ပါ) ငရုတ်သီးမှုန့်၊ ( နိုင်အမှတ်တံဆိပ်ပါ) ငရုတ်ဆီ၊ ထောဘီ) ဇီးထုပ်၊ ( ကောင်းကောင်း) အရောင်းတင်မှုန့်၊ (တီဆွေ) မြိတ်ငပိထောင်း၊ (နတ်သမီး) ခေါက်ဆွဲ၊ (ဝင်းစတား) ငရုတ်ဆီ၊ (နိုင်) ငရုတ်သီးအရောင်တင်မှုန့်၊ (ASA) Gel Jelly အစိမ်းနဲ့ အဝါ၊ (တိုးတက်အောင်) ဇီးထန်းလျှက်၊ (ဆဲဗင်းစတား) ငရုတ်ဆီအညို၊ (ထွန်းမိသားစု) ဂျင်းချဉ်၊ (ကျွဲချို) Energy Drink၊ ( ဒေါ်နွဲ့)အရောင်တင်မှုန့်၊ (သရဖူ) အရောင်တင်မှုန့်၊ (မင်းမင်း) ငရုတ်ဆီ၊ (သင်း) ငရုတ်သီးမှုန့်၊ (DDK) ငရုတ်သီးမှုန့်အစိမ်း၊ ( ရွှေမင်းသား) ဇီးလုံး တို့ပဲဖြစ်ပါတယ်။

ယခုထုတ်ပြန်ကြေညာလိုက်တဲ့ စားသောက်ကုန်တွေက ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ ခွင့်မပြုဆိုးဆေးများ၊ တာရှည်ခံဓာတုဆေးများပါဝင်ခြင်းတို့ကြောင့် အစားအသောက်များကိုရေရှည်စားသုံးမိပါက အစာအိမ်၊ အသည်း၊ ကျောက်ကပ်များပျက်စီးနိုင်ခြင်းနဲ့ ကင်ဆာရောဂါများဖြစ်ပွားနိုင်တာကြောင့် ယခုထုတ်ပြန်ထားတဲ့ အစားအသောက်များကို နောက်ထပ်ထုတ်ပြန်ချက် မထုတ်ပြန်မချင်း မစားသုံးကြဖို့ FDA ကအသိပေးထားပါတယ်။

စားသောက်ကုန်ထုတ်လုပ်၊ ဖြန့်ဖြူးရောင်းချသူများကလည်း အစားအသောက်တွင် သုံးစွဲရန် ခွင့်မပြုဆိုးဆေးများ၊ တာရှည်ခံဓာတုပစ္စည်းများကို လုံးဝအသုံးမပြုရန်နဲ့ ခွင့်ပြုဓာတုပစ္စည်းများကို သတ်မှတ်ပမာဏအတွင်းသာ အသုံးပြုရန်ကိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ လိုက်နာမှုမရှိပါက အမျိုးသားစားသောက်ကုန် ဥပဒေပုဒ်မ ၂၈ (က)အရ အရေးယူမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။။

Share

Loading Next Article...
က္က