နာနတ်တောလမ်းနဲ့ ပြည်လမ်းထောင့်ရှိ BMW Car Showroom အဆောက်အဦးမှာ ကျင်းပသွားမှာပါ။
Mi Thawdar Aung

BMW ကားကုမ္ပဏီ၊ 7Days နဲ့ Duwun တို့ ပူးပေါင်းပြီး စီးပွားရေးလုပ်ငန်းနဲ့ မီဒီယာလုပ်ငန်းတွေနဲ့ ဆက်စပ်ချိတ်ဆက်နိုင်တဲ့ Game Changers Night ပွဲကို ဇူလိုင်လ ၂၆ ရက်နေ့ ညနေ ၆ နာရီကနေ ည ၈ နာရီအထိ ရန်ကုန်မြို့ နာနတ်တောလမ်းနဲ့ ပြည်လမ်းထောင့်ရှိ BMW Car Showroom အဆောက်အဦးမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

Game Changers Night အခမ်းအနားဆိုတာက နယ်ပယ်အသီးသီးမှာ ထူးထူးခြားခြား ပြောင်းလဲနိုင်မှု၊ ဆန်းသစ်တီထွင်နိုင်မှုတွေနဲ့ ပတ်သက်ပြီးတော့ အတွေ့အကြုံတွေကို အချင်းချင်း ပြန်လည် မျှေ၀ ဆွေးနွေးကြမယ့် ပွဲတစ်ခုလည်းဖြစ်ပါတယ်။

ဒီအခမ်းအနားမှာ Game Changer Night ရဲ့ရည်ရွယ်ချက်ကတော့ စီးပွားရေးနယ်ပယ်ထဲက ဦးဆောင်သူတွေအချင်းချင်း ပိုမိုရင်းနှီးမှုရရှိစေဖို့နဲ့ ပိုမိုထိရောက်စွာ လက်တွဲလုပ်ကိုင်နိုင်ဖို့အတွက် ရည်ရွယ်ကျင်းပတာလို့ သိရပါတယ်။ ဒါ့အပြင် ထူးခြားချက်အနေနဲ့ BMW က အသစ်တင်ဆက်မယ့် Brand New 3 Series ကိုလည်း မြန်မာနိုင်ငံမှာ ပထမဆုံး ဖွင့်လှစ်မိတ်ဆက်မှာပါ။

 BMW Brand New 3 Series ကားအမျိုးအစားဟာ BMW ရဲ့ ခုနှစ်ခုမြောက်မျိုးဆက်လည်း ဖြစ်ပါတယ်။ Game Changer Night မှာတော့ ဒီကားအမျိုးအစားကို မြန်မာနိုင်ငံမှာ ပထမဆုံးမြင်တွေ့ခံစားရမှာဖြစ်ပါတယ်။ ဒီအခမ်းအနားမှာတော့ ကုမ္ပဏီအသီးသီးက တာဝန်ရှိ ပုဂ္ဂိုလ် တွေ အပြင် ဧည့်ပရိသတ် ၁၅၀ ခန့် တက်ရောက်သွားမယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က