နိုင်ငံတော်သမ္မတရုံးက အမိန့်ကြော်ငြာစာထုတ်ပြန်ထားတာပါ။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းကို ရာထူးကနေ ထုတ်ပယ်လိုက်ကြောင်း ဇန်နဝါရီလ ၁၄ ရက်နေ့စွဲနဲ့ နိုင်ငံတော်သမ္မတရုံးက အမိန့်ကြော်ငြာစာ ထုတ်ပြန်လိုက်ပါတယ်။

Photo - Ministry of Commerce

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀၈ နှင့် နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၆ တို့ပါ ပြဌာန်းချက်တွေအရ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှုးချုပ် ဦးရန်နိုင်ထွန်းကို ယနေ့မှစပြီး ရာထူးကနေ ထုတ်ပယ်လိုက်တယ်ဆိုပြီးတော့ ကြော်ငြာစာမှာ ဖော်ပြထားပါတယ်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး Duwun မီဒီယာမှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (နေပြည်တော်ကို ) ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ “ အစည်းအဝေးလုပ်နေလို့ ဖြေကြားလို့မရသေးပါဘူး” ဟု ပြောကြားခဲ့ပါတယ်။

NLD အစိုးရသက်တမ်းကာလအတွင်း ပြည်ထောင်စုအဆင့် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းကို ရာထူးကနေ ထုတ်ပယ်ခဲ့ဖူးပါတယ်။



က္က