စိတ်ကျန်းမာရေးဆေးရုံကြီးကသိရပါတယ်။
ရွာသာကြီးမှာရှိတဲ့ စိတ်ကျန်းမာရေးဆေးရုံကြီးကိုရောက်ရှိလာသူတွေဟာ အခုနှစ်တွေထဲမှာဆိုရင် အရက်ကြောင့် ဖြစ်တဲ့ စိတ်ရောဂါဝေဒနာရှင်တွေများတယ်လို့ စိတ်ကျန်းမာရေးဆရာဝန်ကြီးဖြစ်တဲ့ ဒေါက်တာသက်ဇော်က Duwun ကိုပြောပါတယ်။

Photo - Nyaunt Aung



စိတ်ရောဂါဝေဒနာရှင်တွေဟာ အရက်စွဲရာကနေ စိတ်ကယောင်ကတန်းဖြစ်တာတွေ၊ စိတ်ကျရောဂါဖြစ်တာတွေရှိသလို ဒုတိယအများဆုံးရောက်ရှိတဲ့ လူနာတွေကတော့ မူးယစ်ဆေးသုံးစွဲမှုကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

"အရက်ဆိုင်တွေကလည်းများလာသလို၊ အရက်သောက်တဲ့နှုန်းကလည်းမြင့်လာတယ်။ ဒီနှစ်တွေထဲမှာဆိုရင် အရက်ကြောင့်ဖြစ်ပြီး စိတ်ရောဂါရတဲ့ လူနာတွေဟာ များလာတာကို တွေ့ရတယ်။"လို့ စိတ်ကျန်းမာရေးဆေးရုံကြီးက ကထိကလည်းဖြစ် စိတ်ရောဂါအထူးကုဆရာဝန်ကြီးလည်းဖြစ်တဲ့ ဒေါက်တာသက်ဇော်ကပြောပါတယ်။

မြန်မာနိုင်ငံမှာ ၅ နှစ်တာကာလအတွင်း အရက်စွဲရောဂါဖြစ်ပွားမှုဟာ ၂ ဆခွဲလောက်မြင့်တက်လာနေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကသိရပါတယ်။ ဒါဟာ နိုင်ငံတော်ရဲ့ ပြဿနာအသွင်ဖြစ်နေပြီး အရက်သောက်မှုတွေကြောင့် ရောဂါ့ဖစ်ပွားမှုတွေ၊ ခိုက်ရန်ဖြစ်ပွားမှုတွေနဲ့ ယာဉ်မတော်တဆမှုတွေပိုပြီးဖြစ်လာနေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဒေါက်တာမြင့်ထွေးက နိုင်ငံပိုင်သတင်းဌာနကို ပြောကြားထားပါတယ်။

အရက် သောက်သုံး ခြင်းကြောင့် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွဖြစ်တဲ့ အသည်းရောင်ခြင်း၊ အသည်းခြောက်ခြင်း၊ အသည်းကင်ဆာ ဖြစ်ခြင်း၊ သွေးအန်ခြင်း၊ အစာအိမ် ရောဂါဖြစ်ခြင်း၊ နှလုံးရောဂါ ဖြစ်ခြင်း၊ ဦးနှောက်နှင့် အာရုံကြော ရောဂါဖြစ်ခြင်း၊ ပန်းသေပန်းညှိုး ဖြစ်ခြင်း၊ သားသမီး မရခြင်း၊ စိတ်ရောဂါများ ဖြစ်ပေါ်နိုင်ပါတယ်။

အရက်စွဲဝေဒနာနဲ့ပတ်သက်ပြီး သုတေသနပညာရှင်တွေရဲ့ လေ့ လာချက်အရ အရက်တစ်မျိုးမျိုး၊ အထူးသဖြင့် အရက်အပြင်းစား (ရမ်၊ ဝီစကီ၊ ဂျင်၊ အရက် ဖြူ) တွေကို နေ့စဉ် ငါးပက်မှ ခုနစ်ပက် အထိ သောက်သုံးရင် သီတင်းပတ် ၃ ပတ်အတွင်းအရက်စွဲနိုင်စေတယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က