မြို့တော်အဂါင်္ရပ်ကို ထိခိုက်စေပါတယ်။
Mi Thawdar Aung

“ လူစည်ကားတဲ့နေရာတွေ ဖြစ်တဲ့ လှည်းတန်းလမ်းဆုံ၊ သမိုင်းလမ်းဆုံတွေမှာ လက်ကမ်းစာစောင်တွေ ဝေတယ်။ ပြီးရင်လမ်းမမှာ ဒီတိုင်းပစ်ထားခဲ့လိုက်တယ်။ ဒါတွေက မြို့တော်အဂါင်္ရပ်နဲ့ မညီဘူး။ စည်ပင်ကနေပြီး လက်ကမ်းစာစောင်ဖြန့်ဝေခိုင်းတဲ့ ကုမ္ပဏီတွေကို ဘယ်လိုစည်းကမ်းတကျလုပ်မလဲဆိုတာကိုသိချင်လို့ လွှတ်တော်မှာ ဒီမေးခွန်းမေးတာပါ” လို့ အလုံမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဝင်းက Duwun ကိုပြောပါတယ်။

Photo- ရန်ကုန်မြို့ လှည်းတန်းလမ်းမပေါ် ဓာတ်တိုင်မှာ ကြော်ငြာများကပ်ထားစဉ်။

ရန်ကုန်မြို့တွင်းမှာ စည်းကမ်းမဲ့ ကြော်ငြာလက်ကမ်းစာစောင်တွေ ဖြန့်ဝေတာ၊ ခွင့်ပြုချက်မရှိဘဲ နံရံ၊ ဓာတ်တိုင်တွေမှာ ကြော်ငြာကပ်တာတွေကို အရေးယူသွားတော့မယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားလိုက်ပါတယ်။

အောက်တိုဘာ ၃ရက် ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးမှာ အလုံမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဝင်းက ရန်ကုန်မြို့တော်ပြယုဒ်ကို ထိခိုက်စေတဲ့ ကြော်ငြာလက်ကမ်းစာစောင်တွေ လိုက်ဝေတာ၊ နံရံဓာတ်တိုင်တွေမှာ ကပ်တာတွေကို ထိန်းသိမ်းဆောင်ရွက်ပေးဖို့ မေးမြန်းဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက “ရန်ကုန်စည်ပင်နယ်နမိတ်အတွင်း ခွင့်ပြုချက်မရှိဘဲ ကြော်ငြာတွေ ကပ်တာ၊ ရေးဆွဲတာတွေကို အရေးယူပါတယ်။ဒါပေမယ့် တစ်နေ့တစ်ခြား ပိုများလာတဲ့ စည်းကမ်းမဲ့ ကြော်ငြာတွေကြောင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမယ်”လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။

Photo- ရန်ကုန်မြို့ လှည်းတန်းလမ်းမပေါ် ဓာတ်တိုင်မှာ ကြော်ငြာများကပ်ထားစဉ်။

စည်ပင်နယ်နိမိတ်အတွင်း မြို့နယ်တွေမှာ စည်းကမ်းမဲ့ လက်ကမ်းစာစောင်တွေ လိုက်ဝေတာ။ နံရံတွေ၊ ဓာတ်တိုင်တွေမှာ စည်းကမ်းမဲ့ လိုက်ကပ်တာတွေကို မြို့နယ်အလိုက် ဖြုတ်သိမ်းနေတယ်လို့ သိရပါတယ်။

တစ်ချို့မြို့နယ်တွေမှာတော့ ကြော်ငြာတွေချက်ချင်းဖြုတ်သိမ်းတွေ ဆောင်ရွက်ပေမယ့် မနက်ဖြုတ်ရင် ည ပြန်တပ်တာတွေ ကြုံတွေ့နေရတယ်လို့ မြို့တော်ဝန်က ဆိုပါတယ်။

ဒါကြောင့် အဲဒီလို စည်းကမ်းမလိုက်နာပါက ကြော်ငြာအချို့မှာ ဖော်ပြထားတဲ့ လိပ်စာ၊ဖုန်းနံပါတ်တွေကို ဆက်သွယ်ပြီး တည်ဆဲဥပဒေနဲ့ အညီ အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

အရေးယူဆောင်ရွက်သွားမယ့် ကြေညာချက်ကို ၂၀၁၇ ခုနှစ်အတွင်း နိုင်ငံပိုင်သတင်းစာ၊ မြို့တော်သတင်းစာတို့ကတဆင့် အသိပေးကြေညာခဲ့ပြီး City FMက တဆင့်လည်း မကြာခဏ ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

စည်းကမ်းနဲ့ မညီတဲ့ လက်ကမ်းစာစောင်တွေ ကို ဒဏ်ငွေ ၃ သောင်းကနေ ၅ သိန်းအထိ ကောက်ခံနိုင်တယ်လို့ အသစ်ပြဌာန်းထားတဲ့ စည်ပင်သာယာရေးဥပဒေအရ သိရပါတယ်။


က္က