တစ်ရက်ကို ခရီးသည် (၅) သိန်းကျော်သာ စီးနင်းလျက်ရှိပါတယ်။

ကူးစက်ပျံ့နှံ့မှု မြန်ဆန်နေတဲ့ ကိုဗစ်ဒိယလှိုင်းကြောင့် YBS စီးနင်းသူဦးရေက တစ်ဖန်ပြန်လည်လျော့နည်းလာပြီး စီးနင်းသူဦးရေက ပုံမှန်စီးနင်းသူ ဦးရေရဲ့ လေးပုံတစ်ပုံကျော်အထိ လျော့နည်းလာတယ်လို့ သိရပါတယ်။

ပုံမှန်အားဖြင့် တစ်နေ့ YBS စီးနင်းသူက (၁၈) သိန်းအထက်မှာ ရှိပြီး အခုဆို YBS စီးနင်းသူ (၅)သိန်း ကျော်သာရှိတော့တယ်လို့ YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က Duwun ကို ပြောပါတယ်။



“ အခုဆို စီးနင်းသူတွေက ဒုတိယအကြိမ်ပြန်လည်လျော့နည်းလာတာပါ။ ကိုဗစ်ဒုတိယလှိုင်းမစခင်အထိ YBS စီးနင်းသူက ပုံမှန်အနေအထားနီးပါး ပြန်စီးလာပေမယ့် ဒုတိယလှိုင်း ကူးစက်လူနာတွေများလာတဲ့အခါမှာ ပြန်လျော့နည်းလာပါတယ်။ ဒါကလည်း ပြည်သူတွေအနေနဲ့ စည်းကမ်းလိုက်နာတဲ့သဘောပါ။ ရောဂါကူးစက်မှုများနေတဲ့အချိန်မှာ ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ အပြင်မသွားကြတော့ စီးနင်းသူက လျော့နည်းလာတာပါ”လို့ ဦးလှအောင်က ပြောပါတယ်။

ရန်ကုန်က ကိုဗစ်ဒုတိယလှိုင်းကို သိသိသာသာခံစားနေရပြီးနောက် YBS စီးနင်းသူတွေကို စည်းကမ်းတွေ တင်းတင်းကြပ်ကြပ်ဆောင်ရွက်ခဲ့ပါတယ်။ စက်တင်ဘာလ (၁၁) ရက်နေ့ကစပြီး mask မတပ်သူတွေကို YBS စီးနင်းခွင့်မပေးတော့ပါဘူး။ 

အခုလို သတ်မှတ်လိုက်ပြီးနောက် YBS စီးနင်းသူတွေအနေနဲ့ မဖြစ်မနေ mask တပ်လာကြပြီး အားလုံးလိုက်နာမှုရှိလာကြတယ်လို့ သိရပါတယ်။ လက်ရှိမှာ YBS စီးနင်းသူအရေအတွက်က တစ်နေ့ကို (၅)သိန်းဝန်းကျင်သာရှိပြီး YBS အစီးရေ သုံးထောင်ကျော်နဲ့ပြေးဆွဲပေးနေတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က