ဖမ်းဆီးအရေးယူခံရသူ စုစုပေါင်း (၆၄၇)ဦးရှိပါတယ်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်းမှာ စက်တင်ဘာလ(၂)ရက်နေ့ ည တစ်ညတည်းမှာတင် ညမထွက်ရအမိန့် ဖောက်ဖျက်ကျူးလွန်သူ (၆၄၇)ဦးကို အရေးယူခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

ကိုဗစ်ကြောင့် ရန်ကုန်တိုင်းအတွင်းက မြို့နယ်တချို့ကို stay at home အဖြစ်ကြေညာခဲ့ပြီးနောက် ညမထွက်ရအမိန့် ကျူးလွန်သူတွေကိုလည်း စက်တင်ဘာလ(၂)ရက်နေ့ကစပြီး အရေးယူမှုတွေကို ပြန်လည်တင်းကြပ်ခဲ့တယ်လို့ သိရပါတယ်။ ဖမ်းဆီးအရေးယူမှုတွေကိုတော့ သက်ဆိုင်ရာမြို့နယ်အလိုက် ဆောင်ရွက်ခဲ့တာဖြစ်ပြီး ညကဖမ်းဆီးအရေးယူမှုမှာတော့ Stay Home ကန့်သတ်ထားတဲ့ လှိုင်မြို့နယ်က (၃၄)ဦးပါဝင်ခဲ့တယ်လို့ လှိုင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက Duwun ကိုပြောပါတယ်။



“ အရင်ကလည်း ညမထွက်ရအမိန့်ကရှိပြီးသားပါ။ အခုကရောဂါကူးစက်မှုတွေလည်းမြန်နေတော့ ပြန်ပြီး တင်းကြပ်ဆောင်ရွက်တဲ့သဘောဖြစ်ပါတယ်။ ညကတင် လှိုင်မြို့နယ်ကအရေးယူခံရသူ (၃၄)ဦးရှိပါတယ်။ အကြောင်းပြချက် အကျိုးအကြောင်းခိုင်လုံရင်တော့ အရေးယူတာမျိုးတော့မရှိဘူးပေါ့နော်။ ပြည်သူတွေအနေနဲ့ကလည်း နိုင်ငံတော်ကချမှတ်ထားတဲ့စည်းကမ်းတွေကို လိုက်နာစေချင်တယ်” လို့ ဦးကျော်ကျော်ထွန်းကပြောပါတယ်။ 

ညမထွက်အမိန့်ဖောက်ဖျက်ကျူးလွန်တွေကိုတော့ ရာဇသတ်ကြီး ဥပဒေပုဒ်မ (၁၈၈)နဲ့ အရေးယူဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဥပဒေပုဒ်မ (၁၈၈)က ငွေဒဏ်ဆိုရင် အနိမ့်ဆုံး (၂၀၀)ကနေ အမြင့်ဆုံး (၁၀၀၀)ကျပ်နဲ့ ထောင်ဒဏ်ဆိုရင် အနိမ့်ဆုံး (၁)လကနေ အမြင့်ဆုံး (၆)လအထိ ကချမှတ်နိုင်တဲ့ ပုဒ်မမျိုးဖြစ်ပါတယ်။ 

အရေးယူမှုအပိုင်းမှာတော့ ငွေဒဏ်နဲ့ ချမှတ်မှာ မဟုတ်ဘဲ ထောင်ဒဏ်ချမှတ်တာ ဖြစ်တယ်လို့ ဦးကျော်ကျော်ထွန်းကပြောပါတယ်စက်တင်ဘာလ (၂) ရက်နေ့ က ဖမ်းဆီးအရေးယူခံရတဲ့သူ (၆၄၇)ဦးမှာ အမျိုးသား (၆၁၈)ဦးနဲ့ အမျိုးသမီး (၂၉)ဦးပါဝင်ပြီး မော်တော်ယာဉ် (၁၁၁)စီးနဲ့ ဆိုင်ကယ် (၁၈) စီး ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က