ပြုတ်ကျတဲ့အရှိန်ကြောင့် ဦးခေါင်း နောက်စေ့ပွင့်သွားပြီး ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ထားပါတယ်။

စမ်းချောင်းမြို့နယ်မှာဒီကနေ့မနက်ပိုင်းက အမျိုးသမီးတစ်ဦး နေအိမ်လေးလွှာကနေ ပြုတ်ကျခဲ့တယ်လို့ အားမာန်လူငယ် ပရဟိတအသင်း (ရန်ကုန်)က သိရပါတယ်။

Photo: အားမာန်လူငယ်ပရဟိတအသင်း(ရန်ကုန်)


"သူတို့ တွေပြောပုံအရဆိုရင်သူကနည်းနည်းစိတ်မနှံ့သူပေါ့ ၂ ရက်လောက်ရှိပြီလို့သိရတယ်။ ပြုတ်ကျသလား ခုန်ချသလားတော့ မသိရဘူး။ စမ်းချောင်းကနေ သတင်းပေးလို့ ကျွန်တော်တို့သွားတာပါ။ ခေါင်းက နောက်စိပွင့်သွားတယ်။ ခါးတွေ ဘာတွေလည်း ထိနိုင်တယ်။ ကျနော်တို့အသင်းက ရန်ကုန်ဆေးရုံကြီးကိုပို့ဆောင်ပေးခဲ့ပါတယ်။" လို့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကိုလိူင်ဘွားအောင်ကပြောပါတယ်။

ဒီကနေ့စက်တင်ဘာလ ၅ ရက်နေ့ မနက် ၉ နာရီဝန်းကျင်လောက်မှာ တိုက်ပေါ်ကနေပြုတ်ကျခဲ့တာဖြစ်ပြီး ပြုတ်ကျတဲ့အရှိန်ကြောင့် ဦးခေါင်း နောက်စေ့ပွင့်သွားတာကြောင့် ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

Photo: အားမာန်လူငယ်ပရဟိတအသင်း(ရန်ကုန်)

"ခုန်ချတာမဟုတ်ပါဘူး။ပြုတ်ကျတယ်လို့ သူ့သိရတယ်။ တိုက်ပေါ်ကနေပြုတ်ကျတာကို သူ့မိသားစုတောင်မသိပါဘူး ပတ်ဝန်းကျင်က ဝိုင်းအော်တော့မှသိတာပါ။ လက်ကျိုးသွားတယ်လို့တော့ကြားတယ်။ စိတ်လည်း သိပ်မမှန်ဘူးလို့သိရတယ် " လို့ စမ်းချောင်းမြို့နယ် နေထိုင်သူတစ်ဦးကပြောပါတယ်။

အခင်းဖြစ်ပွားရာနေရာကို အားမာန်လူငယ်ပရဟိတအသင်း(ရန်ကုန်)နဲ့အတူ စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ တာဝန်ရှိသူတွေလည်း ကယ်ဆယ်ရေးရောက်ရှိခဲ့ပါတယ်။လူနာကတော့ လက်ရှိမှာ ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေဆဲဖြစ်ပါတယ်။

(အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်)


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က