မတ်လ ၁၉ ရက်ကတည်းက ကြေညာခဲ့တာလည်းဖြစ်ပါတယ်။

မတ်လ ၃၁ ရက်ကကျင်းပခဲ့တဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကိုအောင်ခန့်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ထုတ်ပယ်ခဲ့ကြောင်း မတ်လ ၁၉ ရက် ရက်စွဲနဲ့ ကြေညာခဲ့ပါတယ်။

Photo - Aung Khant FB



အဆိုပါ ကြေညာစာမှာ ဧပြီလ ၆ ရက်နေ့က လူမှုကွန်ရက်ဖေ့စ်ဘုတ်စာမျက်နှာ ပျံ့နှံ့လာခဲ့ပြီး ကြေညာစာအတွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်မှ ဦးအောင်ခန့် ပါတီဝင်အမှတ် (၁၂/၉/၀၀၁၈၅၃) ကို ပါတီဝင်အဖွဲ့ ကထုတ်ပယ်လိုက်တယ်ဆိုပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းရဲ့ လက်မှတ်နဲ့ ဖော်ပြထားတာဖြစ်ပါတယ်။

NLD ပါတီဝင်တွေအနေနဲ့ စည်ပင်ရွေးကောက်ပွဲကို ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်လိုသူတိုင်းက သက်ဆိုင်ရာ မြို့နယ်က တစ်ဆင့် ရန်ကုန်တိုင်း ဗဟိုအလုပ်အမှုဆောင်အထိ အတည်ပြုချက်ရယူရမှာ ဖြစ်ပြီး ပါတီရဲ့ အတည်ပြုချက် ရယူခြင်းမရှိဘဲ မိမိသဘောဆန္ဒ အလျောက် အရွေးချယ်ခံမည်ဆိုပါက ပါတီကနေ တရားဝင်နှုတ်ထွက်ရမယ်ဆိုပြီး ဇန်နဝါရီ ၁၄ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာထားပြီး ဖြစ်တယ်လို့ NLD ပါတီရဲ့ ပြန်ကြားရေးအရာရှိ ဦးကြည်တိုးက လူမှုကွန်ရက်ဖေ့စ်ဘုတ်စာမျက်နှာမှာရေးသားထားပါတယ်။

ီးကြည်တိုးရဲ့ ရေးသားချက်အရ ကိုအောင်ခန့်မှာ ရန်ကုန်တိုင်းစမ်းချောင်းမြို့နယ် ပါတီဝင်တစ်ဦးဖြစ်ပြီး စမ်းချောင်းမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ ကနေပြီးတော့ ၎င်းထံကိုလည်း အထက်ပါ ဗဟိုညွှန်ကြားချက်ကို သိရှိစေရေးအကြောင်းကြားခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်

NLD ပါတီမှ ထုတ်ပြန်ချက်

အကြောင်းပြန်ကြားချက်မရှိခဲ့ပဲ တစ်သီးပုဂ္ဂလဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့အတွက် ပါတီစည်းမျည်းစည်းကမ်းအရ ပါတီဝင်အဖြစ်မှ ထုတ်ပယ်ကြောင်း ရုံးစာကိုလည်း ၂၀၁၉ ခုနှစ် မတ်လ ၁၉ ရက်နေ့ရက်စွဲနဲ့ သက်ဆိုင်ရာ အလုပ်အမှုဆောင်အဖွဲ့များထံနဲ့ကာယကံရှင်ထံသို့ပေးပို့ခဲ့ပြီးဖြစ်တယ်လို့လည်း သိရပါတယ်။

“ကျွန်တော်တို့က မူချထားပါတယ်။ ကျွန်တော်တို့ ပါတီက ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်းတွေ ဘယ်ပါတီဝင်မှ ယှဉ်ပြိုင်ပြီး အရွေးမခံရပါဘူး။ အဲတော့ အရွေးခံခဲ့ရင် ပါတီစည်းကမ်းအရ အရေးယူမယ်ဆိုပြီးတော့ နဂိုတည်းက ကိုယ်စားလှယ်လောင်း ရွေးချယ်ခံဖို့ လျှောက်ထားခိိုင်းကတည်းက စည်းကမ်းချက်တွေ ထုတ်ထားပြီးသားပါ။ ကိုအောင်ခန့်က ပါတီဝင်ဟုတ် မဟုတ်၊ အရေးယူတဲ့အထဲမှာပါ မပါ မသိပါဘူး။ ဒီစည်းကမ်းချက်ထုတ်ထားတာတော့ မှန်ပါတယ်” လို့ NLD ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က Duwun ကိုပြောပါတယ်။

အဆိုပါ အကြောင်းအရာနှင့် ပတ်သက်ပြီး ကိုအောင်ခန့်ကို မေးမြန်းနိုင်ရန် ဆက်သွယ်ခဲ့ရာမှာတော့ ဖုန်းဆက်သွယ်လို့ မရနိုင်ခဲ့ပါဘူး။ ကျင်းပပြီးစီးခဲ့တဲ့ စည်ပင်ရွေးကောက်ပွဲမှာ မြို့တော် ကော်မတီ ၆ နေရာနဲ့ မြို့နယ် အဆင့် ကော်မတီနေရာ ၉၉ နေရာ စုစုပေါင်း ၁၀၅ နေရာမှာ NLD ပါတီဝင်ကိုယ်စားလှယ်တွေက နေရာ ၉၀ အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က